Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝နတ်မောက်မှာ အရပ်သားတစ်ဦး ဒလန်စွပ်စွဲ အသတ်ခံရပြီး မင်းလှမှာလည်း အကြမ်းဖက်သမားများ၏ လက်နက်ကြီးကျည် ရွာအတွင်းကျလို့ အရပ်သား ၂ ဦး ဒဏ်ရာရ❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍~𝟖》


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အရပ်သားတစ်ဦးကို ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ၎င်းအရပ်သားတစ်ဦး သေဆုံးခဲ့သလို ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌လည်း အကြမ်းဖက်သမားများက ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင်းကျေးရွာနေ ဦးကျော်ခိုင်မြဲ(၄၂)နှစ်ဖြစ်သည်ဟု သိရပြီး ဧပြီ ၇ ရက်၊ နံနက် ၅ နာရီအချိန်က ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်ရောက်ရှိလာပြီး “ဒလန်”ဟု စွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။


အလားတူ ဧပြီလ ၆ ရက်၊ ည ၈ နာရီခွဲအချိန်ကလည်း PDF အမည်ခံ အကြမ်းဖက်သမားများက မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးအေးမင်းထွန်း(၄၆)နှစ်နှင့် ဦးဇော်ဝင်းထွန်း(၃၀)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိ‌ခဲ့သဖြင့် မင်းလှမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

Report Page