Myanmar Hard Talk
MHTNEWS❝ကျားဖြန့်လုပ်ငန်းတွင် ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား ၁ ဦးကို မိခင်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသား ၅ ဦး ထပ်မံဖမ်းမိ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍~𝟖》
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံသား ၁ ဦးကို ဧပြီ ၇ ရက်နေ့က မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် မိခင်နိုင်ငံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်အတွင်းသို့ တရားမဝင်လမ်းကြောင်းမှ တစ်ဆင့်ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား ၅ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်အထိ ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၆၂၅ ဦး ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်သည်။
အခုအခါ ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၄၀၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့သလို လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၂၂၀ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/ ၁၃ (၁) အရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၇၄၁ ဦး ရှိသည့်အတွက် ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၄၇၉ ဦးတို့ကိာ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။