Myanmar Hard Talk
MHTNEWS❝ကျားဖြန့်လုပ်ငန်းတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား ၂ ဦးကို တန့်ယန်းမြို့နယ်အတွင်းမှ ထပ်မံဖမ်းမိ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍~𝟔》
ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများနှင့်အတူ လုံခြုံရေးပူးပေါင်းအဖွဲ့များက အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ ဝင်ရောက်အခြေပြုနေထိုင်ခြင်းမရှိစေရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ကျားဖြန့်လုပ်ငန်းတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား ၂ ဦးကို ဧပြီလ ၅ ရက်တွင် ထပ်မံဖမ်းမိခဲ့ကြောင်း သိရသည်။
ဧပြီလ ၄ ရက်နေ့ကလည်း အဆိုပါ တန့်ယန်းမြို့၏ အရှေ့မြောက်ဘက်မီတာ ၂၅၀၀၀ ခန့်အကွာ ကောင်းဆန်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးပစ္စည်းများနှင့် အဆောက်အအုံများကို ဖော်ထုတ်ဖမ်းမိခဲ့ပြီးနောက် ယခုတရုတ်နိုင်ငံသား ၂ ဦးကို ၎င်းနေရာ၏ မြောက်ဘက်မီတာ ၁၂၀၀ ခန့်အကွာနေရာမှ ထပ်မံဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင် ပါဝင်သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။