Myanmar Hard Talk
MHTNEWS❝အကြမ်းဖက် PDF လက်ချက်ကြောင့် ဆရာတော်တစ်ပါးအပါအဝင် အရပ်သား ၄ ဦးဒဏ်ရာရပြီး ၁ ဦးသေဆုံး❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟑𝟎》
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တို့မှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အကြမ်းဖက် NUG သြဇာခံ PDF အကြမ်းဖက်အုပ်စု၏ လက်ချက်ကြောင့် ဆရာတော်တစ်ပါးအပါအဝင် အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ ဆရာတော်မှာ မြင်းခြံမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်ရှိ “သာသနာ့ပါလ”ဘုန်းကြီးကျောင်းမှ ဆရာတော် ဥုးသီလာနန္ဒ(ခ) ဦးမြင့်မောင်(၃၅)နှစ် (၁၅)ဝါဖြစ်သည်ဟု သိရပြီး မတ်လ ၂၉ ရက်၊ နံနက်ပိုင်းတွင် အမှတ်(၁၃)ရပ်ကွက်နေ ဦးမျိုးမင်းဗိုလ်(၄၁)နှစ်နှင့်အတူ မြင်းခြံမြို့မှ မန္တလေးသို့ မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ခွာလာစဉ် သက္ကယ်ကျင်းကျေးရွာနှင့် ညောင်ဝန်းကျေးရွာကြားအရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နောင်ချိုမြို့နယ်၊ ယာပြင်ကျေးရွာနေ ဦးဝင်းမြင့် (၅၈)နှစ်နှင့် ဒေါ်ကင်း(၇၇)နှစ်တို့သည် မတ်လ ၂၉ ရက်၊ ညနေပိုင်းတွင် ၎င်းတို့၏ နေအိမ်တောင်ဘက်ရှိ ခြံဝင်းအတွင်း အမှိုက်များ ရှင်းလင်းနေစဉ် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးကို ထိမိပေါက်ကွဲခဲ့မှုကြောင့် ဦးဝင်းမြင့်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်ကင်းတွင် ထိခိုက်ဒဏ်ရာ များရရှိခဲ့သည်ဟုဆိုသည်။
ထို့ပြင် မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ယင်းနေ့ နံနက် ၇ နာရီခွဲတွင် သရက်ချောင်းမြို့နယ်၊ စုံစင်ကျေးရွာနေ ဒေါ်ခင်မာချို (၄၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် နေအိမ်ခြံဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။