Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များအတွက် မြန်မာ-ဘရာဇီးလ် ဆွေးနွေး❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟗》


မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား ရှိရင်းစွဲကောင်းမွန်သည့် ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများအပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များအတွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။


မတ်လ ၂၈ ရက်၊ နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ် သံအမတ်ကြီး Mr. Gustavo Rocha de Menezes တို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။


အလားတူ အာဆီယံ-ဘရာဇီးလ်ကဏ္ဍအလိုက် ဆွေးနွေးဖက် မိတ်ဖက်ဆက်ဆံရေးအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ ဘရာဇီးလ်နိုင်ငံမှ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။


ထို့ပြင် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုစာချုပ်ပါ အခြေခံမူများအပေါ်အခြေခံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရေးတို့ကိုပါ အလေးထား ဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။

Report Page