Myanmar Hard Talk
MHTNEWS❝စွမ်းအင်ထက်မြက်သည့် တပ်မတော်ဖြစ်နေရန်လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးသိန်းစိန် (အငြိမ်းစား) ပြောကြား❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟕》
တပ်မတော်ကြီးသည် ထာဝစဉ်နုပျိုနေရန်လိုအပ်ပြီး အရည်အချင်းပြည့်ဝသည့် တပ်မတော်၊ အင်အားပြည့်ဝသည့် တပ်မတော်၊ စွမ်းအင်ထက်မြက်သည့် တပ်မတော်ဖြစ်နေရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ(ငြိမ်း) ဗိုလ်ချုပ်ကြီးသိန်းစိန် (အငြိမ်းစား)က ပြောကြားသည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး အပါအဝင် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဂါရဝပြုကန်တော့ခြင်းကိုခံယူစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍လည်း သမ္မတ(ငြိမ်း) က မကြာမီရက်ပိုင်းအတွင်း ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ထွက်လာမည်ဖြစ်ပြီး အဆိုပါအစိုးရသည် တိုင်းပြည်ကောင်းမွန်စေရန်၊ တရားဥပဒေစိုးမိုးရန်၊ ပြည်သူလူထု၏ စားဝတ်နေရေးအဆင်ပြေရန်နှင့် နိုင်ငံလူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ထိုသို့ဆောင်ရွက်နိုင်ရန် တိုင်းပြည်တည်ငြိမ်အေးချမ်းရန် လိုအပ်သည့်အတွက် တပ်မတော်၏အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသဖြင့် တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် စွမ်းရည်ပြည့်စုံသည့်တပ်မတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်ဟု သိရသည်။