Myanmar Hard Talk
MHTNEWS❝အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းများပေါက်ကွဲခဲ့မှု ကြောင့် မြို့နယ် ၄ ခုမှာ အရပ်သားအချို့ထိခိုက်ဒဏ်ရာရ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟔》
PDF အမည်ခံ အကြမ်းဖက်အဖွဲ့များထောင်ထားသည့် မိုင်းများ ပေါက်ကွဲခဲ့မှုကြောင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ပွင့်ဖြူ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝက်လက်မြို့နယ်တို့မှာ အပြစ်မဲ့ အရပ်သားပြည်သူ အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မင်းဘူး ဖြစ်စဉ်များမှာ မတ်လ ၂၃ မြို့နယ်၊ ပင်းတလဲကျေးရွာနေ ဒေါ်နီလာဝင်း(၃၃)နှစ်သည် ကျေးရွာ၏အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ ၎င်းပိုင်ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်း တစ်လုံးကို နှင်းမိပေါက်ကွဲခဲ့ပြီး ဒဏ်ရာများရရှိခဲ့သဖြင့် မင်းဘူး မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရခြင်းဖြစ်သည်။
အလားတူ မတ်လ ၂၅ ရက်နေ့ နံနက် ၇ နာရီတွင် ပွင့်ဖြူ မြို့နယ်၊ ဆင်လူးမြောက်ကျေးရွာနေ မဲစန္ဒာဝင်း(၄၂)နှစ်သည် ကျေးရွာ၏အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာရှိ တောအတွင်း၌ ဝါးခုတ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံး ကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် ပွင့်ဖြူ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟုဆိုသည်။
ထို့အပြင် မတ်လ ၂၅ ရက်၊ နံနက် ၉ နာရီတွင် ထန်းတပင်မြို့နယ်၊ ဘုမ္မတီးကျေးရွာနေ ဦးကျော်မြင့်(၆၅)နှစ်သည် ကျေးရွာအတွင်းရှိမန်ကျည်းပင်အောက်၌ မန်ကျည်းသီးကောက်နေစဉ် KNU / PDF အကြမ်းဖက်သမားများထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် ဇရပ်ကြီးတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု သိရသည်။
ထို့အတူ မတ်လ ၁၁ ရက်၊ မွန်းလွဲ ၃ နာရီအချိန်က စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝက်လက်မြို့နယ်၊ ချောင်းမီးတိုကျေးရွာနေ ဦး ကြွေ(၈၂)နှစ်သည် ကျေးရွာ၏ အနောက်ဘက် ၁ အနောက်ဘက် ၁ မိုင်ခန့်အကွာ တောအတွင်း၌ နွားကျောင်းနေစဉ် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာ များရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူ နေသည်ဟုလည်း သိရသည်။