Myanmar Hard Talk
MHTNEWS❝ယခုနှစ်သင်္ကြန်မှာ ရေပက်ခံကားများဖြင့် ရေပက်ကစားခြင်း မပြုလုပ်ကြရန် စီမံထားဟုဆို❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟔》
၂၀၂၆ ခုနှစ် (၁၃၈၇ ခုနှစ်) သင်္ကြန်တွင် နိုင်ငံတစ်ဝန်း၌ လမ်းလျှောက် သင်္ကြန်ပွဲတော်များကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး အလှပြ ယာဉ်များ ၊ ရေပက်ခံကားများဖြင့် ရေပက်ကစားခြင်းကို မပြုလုပ်ကြ ရန် စီမံထားရှိကြောင်း အစိုးရမှဖော်ပြသော သတင်းတစ်ရပ်အရ သိရသည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်များကို နေပြည်တော်ရင်ပြင်၊ ပျဉ်းမနားမြို့ ရှမ်းကန်ပတ်လည်၊ တပ်ကုန်းနှင့် လယ်ဝေးမြို့တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် ပြည်သူ့ရင်ပြင်၊ ဦးဝိစာရအဝိုင်းမှ အလုံလမ်းတစ်လျှောက်၊ မြို့တော်ခန်းမရှေ့နှင့် ခရိုင်/မြို့နယ်များတွင်လည်းကောင်း၊ မန္တလေးမြို့တွင် နန်းမြို့ ကျုံးပတ်ပတ်လည်၊ မိတ္ထီလာကန်ပတ်လည်နှင့် ခရိုင် / မြို့နယ်များ တွင်လည်းကောင်း ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ ကရင်ပြည်နယ် ဘားအံမြို့ ကမ်းနားလမ်း၊ ကန်သာယာရေကန် အနီးရှိ ချစ်သူလမ်းကြား၊ ဇွဲကပင်ပန်းခြံရှေ့တို့တွင် လမ်းလျှောက် သင်္ကြန်နှင့် သဲသောင်ပြင်သင်္ကြန်တို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ရှိ ကန်သာယာ ဗိုလ်ချုပ်လမ်းပေါ်၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့၌ ကမ်းနားလမ်းတစ်လျှောက်၊ မွန် ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက်၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင်လည်းကောင်း လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ ဆောင်ရွက်ပြီး ခရိုင်နှင့် အမြို့မြို့ အနယ်နယ်တွင်လည်း သတ်မှတ်နေရာများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ကယားပြည်နယ် လွိုင်ကော် မြို့၊ ချင်းပြည်နယ် ဟားခါးမြို့၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရှမ်း ပြည်နယ် တောင်ကြီးမြို့နှင့် ခရိုင် / မြို့နယ်အသီးသီးတို့တွင်လည်း ဆာင်ရွက်သွားမည်ဖြစ်ကြောင်း လမ်းလျှောက်သင်္ကြန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။