Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝အဝေးပြေး ခရီးသည်တင်ယာဥ်စီးခများ ထက်ဝက်နီးပါး မြင့်တက်လာ❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟒》


အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခဂယက်ကနေ ကမ္ဘာတစ်ဝှမ်း စက်သုံးဆီပြဿနာတွေ ပေါ်ပေါက်ခဲ့ပြီနောက် မြန်မာနိုင်ငံမှာလည်း အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းအချို့ဟာ ယာဥ်စီးခတွေ ယခင်ကထက် ထက်ဝက်နီးပါး မြှင့်တက်လာခဲ့တယ်လို့ ခရီးသွားတွေက ပြောပါတယ်။


ယခင်က ရန်ကုန်-နေပြည်တော်ခရီးစဥ်အတွက် ယာဥ်စီးနင်းခဟာ VIP ဆိုရင် တစ်ယောက်ကို ၃၀၀၀၀ ကျပ်ရှိခဲ့ရာကနေ ယခုအခါ ကျပ် ၅၀၀၀၀ အထိ ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။


❝အရင်ကဆိုရင် ကျွန်တော်တို့စီးနေကြဖြစ်တဲ့ မန္တလာမင်း VIP က သုံးသောင်းပဲရှိတယ်။ အခု ငါးသောင်းဖြစ်သွားပြီ။ ရိုးရိုးကားတောင် အရင်က နှစ်သောင်းကျော်ပဲရှိတာ။ အခု ၃၂၀၀၀ တဲ့။ တော်တော်ဆိုးနေပြီဗျာ။❞ လို့ ခရီးသည်တစ်ဦးက ပြောပြခဲ့တာပါ။


ဒီလိုပဲ အခြား အဝေးပြေးယာဥ်လိုင်း တော်တော်များများလည်း ၎င်းနည်းတူ ယာဥ်စီးနင်းခ မြှင့်တက်လာတာတွေ့ရသလို ရာဇာမင်းနဲ့ ရွှေစင်စင်္ကြာယာဥ်လိုင်းတွေရဲ့ VIP ဈေးနှုန်းကတော့ ၄၀၀၀၀ ကျပ်ဖြစ်လာတယ်လို့ သိရပြီး မကြာခင်ကမှ စတင်ပြေးဆွဲလာတဲ့ ထိုက်သူပန်ယာဥ်လိုင်းအသစ်ကတော့ အခုချိန်အထိ ဈေးမတက်သေးဘဲ ရန်ကုန်-နေပြည်တော် ခရီးစဥ်အတွက် တစ်ယောက်ကို ၁၇၀၀၀ ကျပ်သာရှိနေသေးတယ်လို့လည်း သိရပါတယ်။

Report Page