Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝မြန်မာဘက်သို့ တရားမဝင်ပို့ဆောင်မယ့် စက်သုံးဆီ လီတာ ၂ သောင်းကျော်ကို ထိုင်းအာဏာများက ဖော်ထုတ်သိမ်းဆည်းရရှိဟုဆို❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟑》


မြန်မာနိုင်ငံ၊ မြ၀တီဘက်ကို တရားမဝင်တင်ပို့မယ့် လောင်စာဆီ လီတာ ၂၀,၀၀၀ တင်ဆောင်လာတဲ့ ဆီသယ်ယာဉ် ၁ စီးနဲ့အတူ လောင်စာဆီတွေလောင်ထားတဲ့ ဂိုဒေါင်ကိုပါ ထိုင်းအာပိုင်တွေက မတ်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းမှာ ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။ 


အဲ့ဒီဆီတွေကို ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ၊ မြဝတီဘက်ခြမ်းမှာရှိတဲ့ ကာစီနိုရုံနဲ့ မျက်နှာချင်းဆိုင် သောင်းရင်းမြစ်ဘေးကနေ တွေ့ရှိခဲ့တာလို့ သိရပြီး ဒီဇယ်ဆီ လီတာ ၂၀,၀၀၀ တင်ဆောင်ထားတဲ့ ဆီကားတစ်စီးအပြင် ကားအနီးမှာရှိတဲ့ ဂိုဒေါင်အတွင်းကနေလည်း ၄,၅၀၀ လီတာဆံ့ ဆီကန် ၂ ကန် ၊ ၂၀၀ လီတာဆံ့ ဆီပုံး ၁၀၁ ပုံးနဲ့ ၃၀ လီတာဆံ့ ဆီပုံး ၈၅ ပုံးကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုထားပေမယ့် တရားခံတွေ ဖမ်းမိခြင်း ရှိ၊ မရှိဆိုတာကိုတော့ တိတိကျကျ မဖော်ပြထားပါဘူး။


စစ်ဆေးရေးအာဏာပိုင်အဖွဲ့ဟာ အဲဒီ ဒီဇယ်ဆီတွေနဲ့အတူ ဆီသယ်ယာဉ်ကို သိမ်းဆည်းခဲ့ပြီး ဥပဒေအရ အရေးယူဖို့ မဲဆောက်ရဲစခန်းကို လွှဲပြောင်းခဲ့တယ်လို့တော့ ထိုင်းသတင်းတွေက ဖော်ပြထားပြီး တာ့ခ်ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ် ၅ ခုမှာ စက်သုံးဆီပြတ်လပ်မှုကြောင့် ဆီဆိုင်တွေမှာ နာရီနဲ့ချီ တန်းစီဝယ်ယူနေရတယ်လို့ သတင်းအချို့က ဖော်ပြကြပါတယ်။


အလားတူ မြ၀တီဘက်ခြမ်းမှာလည်း ဆီပြတ်လပ်နေတာကြောင့် နယ်စပ်ကတစ်ဆင့် ဆီမှောင်ခိုတင်ပို့မှုတွေရှိနေပြီး စက်သုံးဆီမှောင်ခိုကူးမှုကို ပြတ်ပြတ်သားသား တားဆီးနှိမ်နင်းမယ်ဆိုပြီး တာ့ခ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

Report Page