Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ရှမ်းမြောက်နှင့် ရှမ်းတောင်ဒေသအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၈၀ ကျော်ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟏》


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချားမြို့နယ်တို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၈၀ ကျော်ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ တော်ရွက်ရပ်ကွက်နှင့် စွမ်စော်ရပ်ကွက်များအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ အခြေပြုလုပ်ကိုင်လျက်ရှိကြောင်း ဒေသခံတာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ်လ ၂၀ ရက် နံနက်ပိုင်းတွင် အဆိုပါနေရာများသို့သွားရောက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်းများကို တစ်ချိန်တည်း တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


ထိုသို့ဆောင်ရွက်ခဲ့ရာ ကောင်းမှုတုံရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လျက်ရှိသည့် တရုတ်နိုင်ငံသား ကျား ၈၅ ဦးကို ဖုန်းမျိုးစုံ ၂၈၆ လုံး၊ ကွန်ပျူတာ ၃၀ လုံး၊ Laptop ၂၈ လုံး၊ အဆောက်အဦ ၁ လုံးတို့နှင့်အတူလည်းကောင်း၊ တော်ရွက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ ၄၆ လုံး၊ ကွန်ပျူတာ ၁၈ လုံးတို့ကိုလည်းကောင်း၊ စွမ်စော်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံး အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ ၈၅ လုံး၊ ကွန်ပျူတာ ၁၀ လုံးတို့ကိုလည်းကောင်း အသီးသီးဖော်ထုတ်တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းလည်းသည်။


ထို့ပြင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ယနေ့ညနေပိုင်း၌ အဆိုပါကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာတွင် အလျား ၁၃၀ ပေ၊ အနံ ၅၀ ပေရှိ အဆောက်အအုံ ၂ လုံး၊ အလျား ၉၀ ပေ၊ အနံ ၃၀ ပေရှိ လူနေအဆောက်အအုံ ၃ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေရှိ လူနေအဆောက်အအုံ ၃ လုံး၊ အလျား ၁၅၀ ပေ၊ အနံ ၅၀ ပေရှိ ဂိုဒေါင် ၁ လုံး၊ အလျား ၁၈၀ ပေ၊ အနံ ၆၀ ပေရှိ အဆောက်အအုံ ၁ လုံး၊ Starlink ၁၀ လုံး၊ All in One ကွန်ပျူတာ ၅၅ လုံး၊ Power Station ၁၀ လုံးနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်လျက်ရှိသည့် ဖမ်းဆီးရမိသူများနှင့် သိမ်းဆည်းရမိဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Report Page