Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝စားအုန်းဆီ အိမ်အရောက်ပို့ဝန်ဆောင်မှု ရက်တိုးရောင်းချပေးမည်❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟏》


စားအုန်းဆီအိမ်တိုင်ရာရောက် ရောင်းချဖြန့်ဖြူးပေးခြင်း အစီအစဉ်ကို ယခင်က တစ်ပတ်လျှင် ၅ ရက် ရောင်းချပေးခဲ့ရာမှ ယခုအခါ ရက်တိုးသတ်မှတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။


၂၀၂၆ ခုနှစ် ဧပြီလတွင် သင်္ကြန်ရုံးပိတ်ရက်များ များပြား၍ ဝယ်ယူရာတွင် ခက်ခဲမှုမရှိစေရန် ရည်ရွယ်ပြီး ယနေ့ မတ်လ ၂၁ ရက်မှစတင်ကာ နံနက် (၉) နာရီမှ ညနေ (၄) နာရီအတွင်း တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်မပါ) တစ်ပတ်လျှင် ၆ ရက် မှာယူနိုင်ကြောင်း အသိပေးထားခြင်းဖြစ်သည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၄)ခု၊ မြို့နယ် ၄၄ မြို့နယ်သို့ စားအုန်းဆီများကို အိမ်ထောင်စုတစ်စုလျှင် တစ်လ ၂ပိဿာ ၅၀ကျပ်သားနှုန်း (၅လီတာဘူး) ဖြင့် လျင်မြန်လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရန် ခရိုင်အလိုက် Call Center များထားရှိပြီး မှာကြားချက်များကို လက်ခံမှတ်သားသွားမည်ဟု ဆိုထားသည်။


သို့သော်လည်း ၂ဝ၂၆ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ ၁၉ရက်နေ့ အထိ သင်္ကြန်ရုံးပိတ်ရက်များတွင် အမှာစာလက်ခံခြင်းမရှိကြောင်း အသိပေးထားပြီး ပစ္စည်းရောက်ငွေချေစနစ် ဖြင့်သာရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

Report Page