Myanmar Hard Talk
MHTNEWS❝မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးတွက် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေး❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟎》
ကချင်ပြည်နယ်အတွင်း ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မိရိုး ဖလာယဉ်ကျေးမှုနှင့်အညီ အများပြည်သူအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးနှင့် စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုယ်တိုင် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်ဟု သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်သွားမည့် မြစ်ကြီးနားမြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းရှေ့ ဆွမ်ပရာ ဘွမ်လမ်းမပေါ်တွင် ဗဟိုမဏ္ဍပ်ဆောက်လုပ်ရန် လျာထားသည့်နေရာကို ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဥ် ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ လမ်းလျှောက်သင်္ကြန် ကျင်းပသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိရိုးဖလာ ယဉ်ကျေးမှုနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေး လမ်းလျှောက်သင်္ကြန်ကို အဓိကထား ဆောင်ရွက်နိုင် ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်ဟုဆိုသည်။
အလားတူ ဆွမ်ပရာဘွမ်လမ်းမကြီး မီးရထားသံလမ်းကူးနေရာမှ ကျောက်စိမ်းတုံးမီးပွိုင့်ကြားတွင် သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး၊ လမ်းလျှောက်သင်္ကြန်နှင့်အတူ နံ့သာမဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်များ တည်ဆောက်သွားမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ယိမ်းအကအဖွဲ့များ ယှဉ်ပြိုင် မှု၊ ရေကစားမဏ္ဍပ်ငယ်များ ပြုလုပ်၍ ရိုးရာအစဉ်အလာနှင့်အညီ ပြည်သူများ လုံခြုံအေးချမ်းစွာ ပါဝင်ဆင်နွဲနိုင်ရေးအတွက် အဓိကထား စီမံဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။