Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝Digital Content ဖန်တီးထုတ်လုပ်ခြင်း လက်တွေ့အသုံးချ ရက်တိုသင်တန်း ဖွင့်လှစ်မည်❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟏𝟕》


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နှင့် ရန်ကုန်တိုင်းကွန်ပျူတာဝါသနာရှင်များအသင်းတို့ ပူးပေါင်းပြီး Content တစ်ခုကို အစမှအဆုံး ထုတ်လုပ်နိုင်စေဖို့ ရည်ရွယ်ကာ "လက်တွေ့အသုံးချ Digital Content ဖန်တီးထုတ်လုပ်ခြင်း" ရက်တိုသင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အသိပေးထုတ်ပြန်ထားသည်။


ယင်းသင်တန်းကို မတ်လ ၃၀ ရက်မှ ဧပြီလ ၇ ရက်အထိ (၆ ရက်ကြာ) နေ့စဉ် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကြေးအနေဖြင့် ၃ သိန်းကျပ်သတ်မှတ်ထားသော်လည်း အထူးအခွင့်အရေးအဖြစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မိသားစုဝင်များနှင့် ရန်ကုန်တိုင်းကွန်ပျူတာဝါသနာရှင်များအသင်းဝင်များအတွက် ၅၀% လျှော့စျေးဖြင့် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


သင်တန်းတွင် အတွေးအခေါ်ပိုင်းမှစ၍ လက်တွေ့အချောသတ်သည်အထိ အဆင့်စုံလင်စွာ သင်ကြားပေးသွားမှာဖြစ်ပြီး


Creative Thinking: Concepts, Imagination & Pre-Production


Storytelling: Content Structure, Scripting & Storyboarding


Cinematography: Shot Composition, Lighting & Sound Rules


Post-Production: Video Editing, Color Grading & Effects


Modern Tech: AI Tools for Media Creation & Exporting တို့ ပါဝင်မည်ဟုဆိုသည်။


အလားတူ သင်တန်းပြီးဆုံးပါက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သင်တန်းဆင်းလက်မှတ် ပေးအပ်မည်ဖြစ်ပြီး ယင်းသင်တန်းသည် Content Creation လောကအတွင်းသို့ ခြေစုံပစ်ဝင်မည့်သူများအတွက် မရှိမဖြစ်လိုအပ်သော နည်းပညာနှင့် အနုပညာပေါင်းစပ်မှုကို တစ်နေရာတည်းတွင် ရရှိစေမည်ဟုလည်း ဆိုထားသည်။


အသေးစိတ်သိရှိလိုပါက ရန်ကုန်တိုင်းကွန်ပျူတာဝါသနာရှင်များအသင်း ဖုန်း-09886335500,09772419299 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Report Page