Myanmar Hard Talk
MHTNEWS❝တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့တွင် သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄၈၁၂ ဦးရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့တွင် လာရောက်ဖြေဆိုသူ ၃၃၆၄ ဦးရှိခဲ့❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟏𝟒》
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများကို တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ဖြေဆိုမှုကို မတ်လ ၁၃ ရက်နေ့က နိုင်ငံခြားစာစစ်ဌာန ၁၆ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၇၁ ခု၊ စာစစ်ဌာနစုစုပေါင်း ၈၈၇ ခုတို့တွင် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၆၈၇၅၃ ဦးရှိသည့်အနက် စာမေးပွဲတတိယနေ့တွင် သင်္ချာဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄၈၁၂ ဦး ရှိခဲ့ပြီး ၁၃၉၄၁ ဦး ပျက်ကွက်သဖြင့် ဖြေဆိုသူ ၉၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိခဲ့သည်။
အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို ပြည်တွင်းစာစစ်ဌာန စုစုပေါင်း ၅၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၃၃၈၆ ဦးရှိသည့်အနက် စာမေးပွဲ တတိယနေ့တွင် စက်မှုကျောင်းသား ကျောင်းသူများက သင်္ချာဘာသာရပ်၊ စိုက်ပျိုးရေးကျောင်းသား ကျောင်းသူများက သီးနှံထုတ်လုပ်ရေး(၂) ဘာသာရပ်၊ မွေးမြူရေးကျောင်းသား ကျောင်းသူများက ဝက်မွေးမြူထုတ်လုပ် ရေးဘာသာရပ်တို့ကိုဖြေဆိုကြပြီး လာရောက်ဖြေဆိုသူစုစုပေါင်း ၃၃၆၄ ဦး၊ ပျက်ကွက် ၂၂ ဦးရှိသဖြင့် ဖြေဆိုသူ ၉၉ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။