Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝KNU/PDF အကြမ်းဖက်အုပ်စုများထံ တရားမဝင်ပို့ဆောင်မည့် စက်သုံးဆီများကို ထိုင်းအာဏာပိုင်များဖမ်းဆီး❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟏𝟏》


မြန်မာနိုင်ငံဘက်တွင် ရှိနေသော KNU/PDF အကြမ်းဖက်အုပ်စုများထံ ပို့ဆောင်မည့် တရားမဝင်စက်သုံးဆီများကို ထိုင်းအာဏာပိုင်များက မတ်လ ၁၀ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း နယ်စပ်သတင်းရင်းမြစ်များထံမှ သိရသည်။


ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်၊ မဟာဝန် ကျေးရွာအုပ်စု အမှတ်(၅) ရပ်ကွက်တွင် စက်သုံးဆီများကို တရားမဝင်သိုလှောင်ပြီး ပြည်ပနိုင်ငံသို့ ခိုးထုတ်ရန် ပြင်ဆင်နေကြောင်းသတင်းအရ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး Mr. Kanpong Pipatmontreekul ဦးဆောင်သော ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။


❝ထိုင်းသတင်းတွေကတော့ ပြည်ပကိုခိုးထုတ်မယ့် စက်သုံးဆီလို့ပဲရေးတာတွေ့ရတယ်။ တကယ်ကတော့ အခုဖမ်းမိတဲ့အဖွဲ့က နယ်စပ်မှာရှိတဲ့ အကြမ်းဖက်အုပ်စုတွေနဲ့ ချိတ်ဆက်ပြီး ဆီမှောင်ခိုလုပ်ကိုင်နေတဲ့အဖွဲ့လို့ သိရတယ်။ အဲဒါကြောင့်မို့လို့ ဒီဆီတွေက KNU/PDF ဆီပို့ဖို့ဆိုတာ သေချာတယ်။❞ ဟု နယ်စပ်သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။


ဖမ်းဆီးရမိသည့်အထဲတွင် ဒီဇယ်ဆီ ၂၀၀ လီတာဆံ့ ပီပါ ၄၆ လုံး၊ ၁၀၀၀ လီတာဆံ့ ဆီကန် အလွတ်တစ်လုံး၊ ဆီ ၆၀၀ လီတာ ပါရှိသည့် ၁၀၀၀ လီတာဆံ့ ဆီကန် တစ်လုံး၊ စုစုပေါင်း သိမ်းဆည်းရမိသော ဒီဇယ်ဆီ ၁၀၈၀၀ လီတာ ပါဝင်သလို ဆီတင်ယာဉ် တစ်စီးတို့ကို ဆီလီတာ ၁၆၀၀၀ ခန့် တင်ဆောင်ရန် ပြင်ဆင်နေစဉ်အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Report Page