Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝KNU+PDF အကြမ်းဖက်အုပ်စု၏ လက်ချက်ကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၂ ဦး ဒဏ်ရရပြီး ၁ ဦး သေဆုံးခဲ့❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟕》


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်နှင့်၌ KNU+PDF အကြမ်းဖက် ပူးပေါင်းအဖွဲ့က လက်နက်ကြီးများ၊ Drone ဖြင့် Drop Bomb များဖြင့် ကျေးရွာအတွင်းသို့ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၁၂ ဦး ဒဏ်ရာရခဲ့သလို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌လည်း အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းမှတ်တမ်းများအရ သိရသည်။


ဖြစ်စဥ်အတွင်း ဒဏ်ရာရရှိခဲ့သူများမှာ ညောင်လေးပင်မြို့နယ်၊ ကျောင်းကုန်းကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည့် ဒေါ်သန်းကြည်(၆၀)နှစ်၊ ဒေါ်ဌေးမော်(၅၀)နှစ်၊ မောင်အောင်သီဟဖြိုး(၁၈)နှစ်၊ မောင်နေမင်းကိုကို (၇)နှစ်၊ မောင်ဟန်နဒီနောင်(၃)နှစ်၊ မောင်ထက်ဝေအောင်(၁၁)နှစ်၊ မောင်ဝေယံဖြိုး(၁၇)နှစ်၊ မသွန်းဆက်မေ(၆)နှစ်၊ မဧကရီဖြိုး(၆)နှစ်၊ မမိုးယုစံ(၁၆)နှစ်၊ မခင်ဇာထွေး(၂၇)နှစ်နှင့် မမှူးသဇင် (၁၂)နှစ်တို့ ဖြစ်ကြသည်ဟုဆိုသည်။


၎င်းတို့သည် မတ်လ ၅ ရက်နေ့ နံနက် ၆ နာရီအချိန် နေအိမ်အသသီး၌ ရှိနေကြစဥ် KNU+PDF အကြမ်းဖက် ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့်ဒဏ်ရာများ ရရှိခဲ့သဖြင့် ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။


အလားတူ မတ်လ ၆ ရက်နေ့ ည ၇ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာနေ မချယ်ရီသင်း(၁၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့က ပစ်ချလိုက်သည့် Drop Bomb တစ်လုံး နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းလည်း သိရသည်။

Report Page