Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝စက်သုံးဆီဂယက်ကြောင့် EV ဆိုင်ကယ်ဈေးကွက် ခေါင်းထောင်လာ❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟒》


အရောင်းဆိုင်တွေမှာ ထင်သလောက် ရောင်းအားမကောင်းဘဲဖြစ်နေတဲ့ EV ဆိုင်ကယ်ဈေးကွက်ဟာ အခုဆိုရင် အရှေ့အလယ်ပိုင်းစစ်ပွဲကနေ ဆင်းသက်လာတဲ့ စက်သုံးဆီဂယက်ကြောင့် ရုတ်တရက် နိုးထလာခဲ့တယ်လို့ EV ဈေးကွက်အတွင်းကနေ သိရှိရပါတယ်။


နိုင်ငံတော်အစိုးရက စက်သုံးဆီကို ခြိုးခြံချွေတာသုံးစွဲဖို့အတွက် မော်တော်ယာဥ် မောင်းနှင်ခွင့်တွေ ကန့်သတ်လိုက်တဲ့နေရာမှာ EV အမျိုးစား ယာဥ်တွေကိုသာ နေ့စဥ်မောင်းနှင့်ခွင့်ပြုလိုက်တာကြောင့် EV ဆိုင်ကယ်ဈေးကွက်ဟာ စတင်သက်ဝင်လှုပ်ရှားလာခဲ့တာပါ။


ဆိုင်ကယ်ကို အဓိကထားသုံးစွဲနေရတဲ့ မန္တလေးမြို့မှာဆိုရင် EBike ရောင်းချနေတဲ့ show room အချို့ဆိုရင် ပစ္စည်းပြတ်တဲ့အထိ အရောင်းသွက်ခဲ့သလို ပစ္စည်းရှိတဲ့ဆိုင်တွေမှာဆိုရင်လည်း အလုအယက်လာရောက်ဝယ်ယူသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


လက်ရှိဈေးကွက်ထဲမှာ Ebike တစ်စီးကို အနည်းဆုံး ၁၆ သိန်းက စပြီး အများဆုံး သိန်း ၈၀ ဝန်းကျင်မှာရှိနေပေမယ့် ဝယ်ယူသူများပြားနေတာကြောသ့် တချို့ဆိုရင် အသည်းအသန် ရှာဝယ်တာတောင် မရဘူးဖြစ်နေတယ်လို့ ဆိုပါတယ်။


စက်သုံးဆီဘက်မှာဆိုရင်လည်း အဲဒီမန္တလေးမြို့ပေါ်က စက်သုံးဆီအရောင်းဆိုင်တွေမှာ ဒီကနေ့ မတ်လ ၃ ရက်၊ မနက်ပိုင်းကစတင်ပြီး ဝယ်ယူသူအလွန်များပြားနေတာကြောင့် လမ်းတွေပိတ်တဲ့အထိ တန်းစီဝယ်ယူနေကြတာ အခုနေ့လည်ပိုင်းအထိ ရှင်းမရသေးဘူးလို့ ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။

Report Page