Myanmar Hard Talk
MHTNEWS❝တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင်၊ ပင်းတယမြို့များ၌ ဆီပြတ်တောက် မသွားနိုင်ဟုဆို❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟒》
ပုံမှန်ရောင်းနေကျထက် ရောင်းအား နှစ်ဆကျော် သုံးဆလောက် တိုးရောင်းရတဲ့အတွက် စက်သုံးဆီဆိုင်အချို့ ဆီပြတ်မလိုဖြစ်ခဲ့ပေမယ့် မတ်လ (၃) ရက်နေ့ ညနေပိုင်းမှာ သီလဝါကနေ ဆီကားတွေ ရောက်ရှိလာတာကြောင့် တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင်၊ ပင်းတယမြို့တွေမှာ ဆီပြတ်တောက် မသွားနိုင်ဘူးလို့ ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမင်းမင်းက ပြောပါတယ်။
စက်သုံးဆီအရောင်းဆိုင်တွေအတွက် အပတ်စဉ် PO တွေ ပုံမှန်ရရှိနေသလို မတ်လ(၃)ရက်နေ့က ဆီသယ်ဘောက်ဆာယာဉ် ၁၄ စီးအထိ ရောက်ရှိလာပြီး ကလော၊ အောင်ပန်း၊ တောင်ကြီးမြို့တွေမှာ ဆီချလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
လတ်တလော အရှေ့အလယ်ပိုင်းဒေသက ဖြစ်စဉ်တွေနဲ့အတူ မီဒီယာအချို့ရဲ့ ကောလဟာလ သတင်းဖော်ပြမှုတွေအရ စက်သုံးဆီ ပြတ်လပ်မှာကို စိတ်ပူပြီး ဝယ်ယူသိုလှောင်ကြတဲ့အတွက် အချို့ဆိုင်တွေမှာ စက်သုံးဆီပြတ်မသွားရအောင် ထိန်းပြီးရောင်းပေးနေခဲ့ရတယ်လိူ့လည်း ၎င်းကပြောပါတယ်။
ဒါ့အပြင် လိုအပ်ပါက ပုံမှန် Normal Po အပြင်၊ Urgent Po တွေပါပေးပြီး ဖြန့်ဖြူးသွားမည်ဖြစ်လို့ မိဘပြည်သူတွေ စိုးရိမ်ဖို့မလိုအပ်ဘဲ နွေရာသီအချိန်ရောက်ရှိပြီဖြစ်တဲ့အတွက် မီးဘေးအန္တရာယ် စိုးရိမ်ရတာကြောင့် စက်သုံးဆီတွေကို မလိုလားအပ်ဘဲ အိမ်တွေမှာ မသိုလှောင်ထားကြဖို့ကိုလည်း ပြည်နယ်ညွှန်ကြားရေးမှူး ဦးမင်းမင်းက တိုက်တွန်းပြောဆိုထားပါတယ်။