Myanmar Hard Talk
MHTNEWS❝မဲဆောက်နဲ့ မြဝတီဘက်မှာ စက်သုံးဆီ အလုအယက် ဝယ်ယူမှုတွေကြောင့် အကန့်အသတ်နဲ့သာ ရောင်းချပေးနေဟုဆို❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟑》
ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ မြဝတီမြို့တို့မှာ စက်သုံးဆီတွေကို အလုအယက်ဝယ်ယူမှုတွေ ပြုလုပ်လာတာကြောင့် အရောင်းဆိုင်တွေက အကန့်အသတ်နဲ့သာ ရောင်းချပေးနေရတယ်လို့ ဒေသဆိုင်ရာသတင်းတွေအရ သိရပါတယ်။
လူထုအနေနဲ့ အရှေ့အလယ်ပိုင်းဂယက်ကြောင့် စက်သုံးဆီပြတ်လတ်မှာကို စိုးရိမ်နေကြတဲ့အတွက် ယခုလို စက်သုံးဆီ အလုအယက်ဝယ်ယူမှုတွေ ပြုလုပ်လာကြတာလို့ သိရပြီး ဒီကနေ့ မြဝတီမြို့မှာ ဆိုင်ကယ်တစီးကို တစ်သောင်းကျပ်ဖိုး၊ ကားတစ်စီးကို သုံးသောင်းကျပ်ဖိုးနဲ့ ရောင်းချပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ မွန်ပြည်နယ်အတွင်းက မြို့နယ်အချို့မှာလည်း စက်သုံးဆီပြတ်မယ်ဆိုတဲ့ သတင်းတွေကြောင့် နယ်မြို့အချို့မှာ အလုအယက်ဝယ်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အမေရိကန်၊ အစ္စရေးတို့နဲ့ အီရန်တို့အကြားဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့ ရိုက်ခတ်မှုကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထိုင်းနိုင်ငံက မြန်မာအပါအဝင် နိုင်ငံအချို့ကို လောင်စာဆီတင်ပို့မှု ရပ်နားခဲ့သလို ထိုင်းနိုင်ငံအတွင်းက Shell ကုမ္ပဏီဟာ အရှေ့အလယ်ပိုင်းဒေသ ကုန်ကျစရိတ်တွေ မြင့်တက်လာမှုကို အကြောင်းပြပြီး ဂက်ဆိုဟော (Gasohol) ကို တစ်လီတာလျှင် ၁.၅၀ ဘတ် နဲ့ ဒီဇယ်ကို ၄.၂၀ ဘတ်အထိ ဈေးနှုန်းမြှင့်တင်ခဲ့တယ်လို့လည်း သိရပါတယ်။