Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ငြိမ်းချမ်းရေးနှင့်ပြည်သူများ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်ရေး ဆွေးနွေး❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟓》


မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မာသည့် ငြိမ်းချမ်းရေးနှင့်ပြည်သူများ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။


အဆိုပါ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျားအား ဖေဖော်ဝါရီ ၂၄ ရက်၊ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။


တွေ့ဆုံမှုအတွင်း နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေးတိုကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟုဆိုသည်။


ထို့အပြင် တရားဝင်စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရင်းနှီးမြှုပ်နှံရေး၊ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေးကိစ္စများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်သွားရေးတို့နှင့်ပတ်သက်၍လည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်ဟု သိရသည်။

Report Page