Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝တောင်သူများ၏ ဒေသန္တရအခက်အခဲများကို ထိရောက်လျင်မြန်စွာဖြေရှင်းနိုင်ရန်အတွက် SMS Mobile နည်းပညာ၊ AI နည်းပညာရပ်များကို အသုံးပြု၍ အချိန်မီမျှဝေပေးကြဖို့ ဆည်မြောင်းဒုဝန်ကြီး တိုက်တွန်း❞


≋သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် စိုက်ပျိုးရေးကဏ္ဍအသွင်ကူးပြောင်းရန် လိုအပ်လျက်ရှိဟုဆို≋


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟓》


တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် တိုင်းဒေသကြီး ပြည်နယ်များရှိ တောင်သူများ၏ ဒေသန္တရအခက်အခဲများကို ထိရောက်လျင်မြန်စွာဖြေရှင်းနိုင်ရန်အတွက် SMS Mobile နည်း ပညာ၊ AI နည်းပညာရပ်များကို အသုံးပြု၍ အချိန်မီမျှဝေပေးကြစေလိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တိုက်တွန်းပြောကြားသည်။


ဖေဖော်ဝါရီ ၂၃ ရက်၊ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၌ သီးနှံကာကွယ်ရေးပညာရှင်များနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးသွင်းအားစုဆိုင်ရာ တောင်သူပညာပေး လုပ်ငန်းများတိုးချဲ့လုပ်ကိုင်နိုင်ရေး ဆွေးနွေးမှာကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် စိုက်ပျိုးရေးကဏ္ဍအသွင်ကူးပြောင်းရန် လိုအပ်လျက်ရှိသည်ဟုဆိုသည်။


ဆက်လက်၍လည်း သီးနှံကာကွယ်ရေးဌာနနှင့် မြေအသုံးချရေးဌာနတို့ အချင်းချင်းအပြန်အလှန် ပူးပေါင်းဆောင်ရွက်၍ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှု ဘဝရရှိရေးအတွက် ကျန်းမာသော ဂေဟစနစ်နှင့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအတွေ့အကြုံများကို သုတေသီပညာရှင်များနှင့် တောင်သူအချင်းချင်းဖလှယ်၍ အသုံးပြုနိုင်ရေးကို အထူးအလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။


ထို့ပြင် ဂေဟစနစ်အမျိုးမျိုးအလိုက် သင့်လျော်သောမျိုးများကို မွေးမြူရွေးချယ်၍ တောင်သူလယ်သမားများ လုပ်ငန်းရှင်များပါဝင်သော မျိုးမွေးမြူရွေးချယ်ခြင်း၊ မျိုးသန့်ပွားများခြင်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပြီး အရည်သွေးကောင်း မျိုးစေ့သုံးစွဲမှုဖွံ့ဖြိုးတိုးတက်လာရေး ကြိုးပမ်းသွားကြရန်လည်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

Report Page