Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ပင်စင်လစာထုတ်ပေးရာ၌ ပိုမိုအဆင်ပြေချောမွေ့စေရန် e-ID စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်မည်❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟒》


အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာ၌ ပိုမိုအဆင်ပြေချောမွေ့စေရန် e-ID စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲဖွင့်ပွဲတွင် ပြောကြားခဲ့သည်။


အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်) မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ငွေသားသုံးစွဲမှုလျှော့ချနိုင်ရန်နှင့် နိုင်ငံ့ဝန်ထမ်းလစာ/ ပင်စင်လစာများကို MEB Pay Wallet သို့ထည့်သွင်း၍ လွယ်ကူစွာထုတ်ယူနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။


အလားတူ CBM Net ဖြင့်ချိတ်ဆက်၍ FI Gate Way ကို ဒီဇင်ဘာလအထိ ဘဏ်ခွဲပေါင်း ၃၉ ဘဏ်တွင် ဆောင်ရွက်ပြီးဖြစ်သလို Centralized e-Pension စနစ်ကိုလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ဘဏ်ခွဲပေါင်း ၁၈၅ ဘဏ်တွင် ဆောင်ရွက်လျက်ရှိရာ ပင်စင်စားဦးရေ၏ ၈၅ ဒသမ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်သည်ဟုဆိုသည်။


ထို့ပြင် Core Banking စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကိုလည်း အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး Core Banking စနစ်မှသည် ကျန်ရှိသော ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို တိုးချဲ့ဆောင်ရွက်နိုင်ရန် ကြိုးပမ်းကြရန် မှာကြားခဲ့သလို နိုင်ငံတော်မှချမှတ်ထားသည့်လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ အောင်မြင်စေရေးအတွက် တာဝန်ရှိ အရာထမ်းများကလည်း ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ဘဏ်၏ တာဝန်ရှိသူအဆင့်ဆင့်က အထူးအလေးထား ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားသည်။


ဆက်လက်၍လည်း နိုင်ငံတော်အစိုးရ၊ အများပြည်သူနှင့် ဘဏ်များအကြား သုံးဦးသုံးဖလှယ်အကျိုးရှိသည့် Win-Win-Win Situation ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့သလို လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာကို မျက်ခြည်ပြတ်မခံဘဲ လေ့လာဆည်းပူးကြရန်ကိုလည်း မှာကြားခဲ့သည်ဟု သိရသည်။

Report Page