Myanmar Hard Talk
MHTNEWS❝ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၁၆၂၀ ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲထံ လွှဲပြောင်းပေးအပ်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟑》
အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်-၃ (၂၀၂၅) အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၁၆၂၀ ကို မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ APTERR အတွင်းရေးမှူးချုပ်ရုံးနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်ပြီး APTERR အတွင်းရေးမှူးချုပ်ရုံး အထွေထွေမန်နေဂျာနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ငလျင်ဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြသလို အဆိုပါဆန်တန်ချိန် ၁၆၂၀ ကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များသို့ စနစ်တကျ ခွဲဝေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။