Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝(၃၂)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟎》


၂ဝ၂၆ ခုနှစ်၊ (၈၁) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် (၃၂)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (က)အဆင့်နှင့် (ခ)အဆင့်ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းစစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပခဲ့သည်ဟု သိရသည်။


ပြိုင်ပွဲတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းအသင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၂) စစ်တီးဝိုင်းအသင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်းအသင်း၊ အရှေ့တောင်တိုင်းစစ်ဌာန ရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းအသင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းအသင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။ 


အဆိုပါ စစ်တီးဝိုင်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပရေးကော်မတီမှ တပ်မတော်အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများက ကြည့်ရှုအားပေးခဲ့ကြသည်ဟု သိရသည်။

Report Page