Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝နေပြည်တော်၌ အိမ်ငှားနေထိုင်သူ အမျိုးသမီးတစ်ဦး နေအိမ်အတွင်းသေဆုံးနေသည်ကို ပုပ်ပွနေမှ သိရှိရ❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟏𝟒》


နေပြည်တော်‌ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်၊ လွှဲကြီးကျေးရွာရှိ နေအိမ်တစ်လုံးတွင် တစ်ဦးတည်း အိမ်ငှားနေထိုင်ကာ ဆေးကုသနေသည့် ကျောက်ကပ်ဝေဒနာရှင် အမျိုးသမီးတစ်ဦး နေအိမ်အတွင်း သေဆုံးပုတ်ပွနေသည်ကို ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက်ပိုင်းတွင် တွေ့ရှိခဲ့သည်ဟု ဒေသခံ လူမှုကူညီရေးအသင်းထံမှ သိရသည်။


အဆိုပါ နေအိမ်အတွင်းမှ အပုပ်နံ့များ ဆိုးရွားစွာရရှိနေသည်ကို ၎င်းရပ်ကွက်တွင် နေထိုင်သူများက သိရှိခဲ့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြောင်းကြားခဲ့ရာမှ ၎င်းတာဝန်ရှိသူများ၏ အကူအညီတောင်းခံမှုအရ ကရုဏာရှင် လူမှုကူညီရေးအသင်းက သွားရောက်ကူညီပေးခဲ့သည်ဟုဆိုသည်။


သေဆုံးသူမှာ အသက် ၃၈ နှစ်ခန့်အရွယ် အမျိုးသမီးဖြစ်သည်ဟု သိရပြီး နေအိမ်အိပ်ခန်းအတွင်း အိပ်ရာပေါ်၌ သေဆုံးပုပ်ပွနေသည်ကို တွေ့ရှိရသလို အဆိုပါ အမျိုးသမီးဆီတွင် ရွေတိုရွှေစ အနည်းငယ် ဝတ်ဆင်ထားသည်ကိုလည်း တွေ့ရှိရသဖြင့် စနစ်တကျ ချွတ်ယူကာ တာဝန်ရှိသူများထံ အပ်နှံပေးထားသည်ဟု သိရသည်။


ယင်းသေဆုံးမှုနှင့်ပတ်သက်၍ အဆိုပါ သေဆုံးသူ အမျိုးသမီး၏ အမျိုးသားဖြစ်သူနှင့် အဆက်အသွယ်ရရှိခဲ့သော်လည်း မလာနိုင်ကြောင်း ပြောဆိုသဖြင့် ကရုဏာရှင် လူမှုကူညီရေးအသင်းကပင် တာဝန်ယူသင်္ဂြိုဟ်ပေးလိုက်ကြောင်းလည်း သိရသည်။

Report Page