Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝အမြန်လမ်းမှာ ရှေ့ကမောင်းနေတဲ့ကားကို နောက်ကကားက ဝင်တိုက်မိလို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၉ ဦးအထိ ဒဏ်ရာရ❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟏𝟒》


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄၂/ ၂ နေရာမှာ ပုဂံကနေ ဘုရားဖူးပြီးပြန်လာတဲ့ Toyota Town Ace အိမ်စီးကားတစ်စီးကို နောက်ကမောင်းလာတဲ့ ဆလွန်း အမျိုးအစား အိမ်စီးကားတစ်စီးက ဝင်တိုက်မိခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၉ ဦးအထိ ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်တစ်ခု ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၁၂ နာရီ ၄၀ မိနစ်အချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ Toyota Town Ace အိမ်စီးကားပေါ်မှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁၁ ဦးတို့ လိုက်ပါခဲ့ကြတာလို့ သိရပြီး အနောက်ကနေ ဝင်တိုက်မိတဲ့ ဆလွန်းကားပေါ်မှာက လင်မယားနှစ်ယောက်တည်း လိုက်ပါလာခဲ့တာလို့ မြေပြင်သွားရောက် အကူအညီပေးခဲ့တဲ့ အရှင်စ‌န္ဒောဘာသ (ရွှေမင်းဝင် )ပရဟိတ အသင်းက ဆိုထားပါတယ်။  


အဲဒီဖြစ်စဥ်ကြောင့် ရှေ့ကနေ ပုံမှန်အတိုင်းမောင်းနှင်နေတဲ့ Twon Ace ကားဟာ နှစ်ပတ်လောက် လိမ့်သွားခဲ့ပြီး ၎င်းယာဥ်ပေါ်လိုက်ပါလာသူ ၁၅ ဦးအနက် အသက် ၃၀ ဝန်းကျင်အရွယ်ရှိတဲ့ အမျိုးသမီး ၁ ဦးမှာ နေရာတင်သေဆုံးခဲ့ပြီး ၉ ဦးဒဏ်ရာရရှိခဲ့သလို အနောက်ကဝင်တိုက်တဲ့ ဆလွန်းကားကတော့ တော်တော်များများ ပျက်စီးသွားပေမယ့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။


ဖြစ်စဥ်ဖြစ်ပွားတဲ့နေရာကိုတော့ ရွှေမင်းဝင် အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူမှုကူညီရေးပရဟိတအသင်းမှ ကား (၃) စီးနဲ့ ထွက်ခွာကူညီခဲ့သလို မိတ်ဖက်အသင်းတွေဖြစ်တဲ့ ကရုဏာရင်ခွင် ပရဟိတအသင်း၊ ကရုဏာနှလုံးသား ပရဟိတအသင်း၊ T Rescue နဲ့ နန်းတော်ဦး ပရဟိတအသင်းတို့က ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ပြီး သေဆုံး၊ ဒဏ်ရာတွေရရှိခဲ့သူတွေ ‌တောင်ငူဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Report Page