Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ထိုင်းနိုင်ငံအတွင်းသို့ ရွှေတုံးများ တရားမဝင်သယ်လာသည့် မြန်မာနိုင်ငံသား ၁ ဦး ကန်ချနဘူရီတွင် ဖမ်းဆီးခံရ❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟏𝟒》


အလေးချိန် ၄၃၄ ဂရမ်ရှိသော ရွှေတုံး ၂၅ တုံးကို တရားမဝင် သယ်ဆောင်လာသည့် မြန်မာနိုင်ငံသား ၁ ဦးကို ထိုင်းရဲတပ်ဖွဲ့မှ ကန်ချနဘူရီခရိုင်၊ ဖူးနမ့်ရွန်နယ်စပ်ဒေသတွင် ဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဖော်ပြမှုများအရ သိရသည်။ 


ဖမ်းဆီးခံရသူမှာ အသက် ၅၄ နှစ်အရွယ် "ဘွိုင်းဒိုင်းမွန်" ဆိုသူဖြစ်သည်ဟု သိရပြီး ၎င်းအနေဖြင့် တရားဝင်နယ်စပ်ဂိတ်ပေါက်မဟုတ်သော တောလမ်းတစ်နေရာမှ လမ်းလျှောက်ဝင်လာစဥ် မသင်္ကာသဖြင့် ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ၎င်း၏ လွယ်အိတ်ကို ရှာဖွေစစ်ဆေးရာမှ ရှားပါးပြီး အဖိုးတန်သော ရွှေတုံးများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ 


အဆိုပါ ရွှေတုံးများမှာ ထားဝယ်ခရိုင် မေတ္တာမြို့နယ် ထီးခီးကျေးရွာအနီးရှိ တနင်္သာရီမြစ်အတွင်း သူငယ်ချင်းများနှင့်အတူ ရွှေကျင်ရာမှ ရရှိသော ရွှေများဖြစ်ကြောင်း ဘွိုင်းဒိုင်းမွန်းက ထွက်ဆိုထားသလို ကန်ချနပူရီခရိုင်ရှိ ရွှေဆိုင်များထံ ရောင်းချရန် ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခြင်းဖြစ်ကြောင်းလည်း ဝန်ခံထားသည်ဟု ထိုင်းအာဏာပိုင်များက ဆိုထားသည်။ 


လက်ရှိတွင် ဘွိုင်းဒိုင်းမွန်ကို နယ်စပ်ဖြတ်ကျော်မှုနှင့် အခွန်မဆောင်ဘဲ တရားမဝင် ကုန်ပစ္စည်းရောင်းချမှုတို့ကို ချိုးဖောက်မှုဖြင့် အရေးယူရန် ကန်ချနဘူရီခရိုင်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်နေကြောင်း သိရသည်။

Report Page