Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝MFF ၏ Academies and Youth Development Director အဖြစ် ဂျပန်လူမျိုး နည်းပြ Keisuke Amano အား (၂) နှစ်စာချုပ်ဖြင့် ခန့်အပ်❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟓》


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၏ Academies and Youth Development Director အဖြစ် ဂျပန်လူမျိုး နည်းပြ Keisuke Amano အား (၂) နှစ်သက်တမ်းရှိသည့် စာချုပ်ဖြင့် တရားဝင် ခန့်အပ်လိုက်ကြောင်း MFF က အသိပေးထားသည်။


ယခုလိုခန့်အပ်ခြင်းသည် မြန်မာ့ဘောလုံးလောက၏ လူငယ်မျိုးဆက်သစ်များ ဖော်ထုတ်ရေးနှင့် အကယ်ဒမီများ၏ အရည်အသွေးကို မြှင့်တင်ရန်အတွက်ဟု MFF က ဆိုထားပြီး နည်းပြ အာမာနိုသည် JFA / AFC A-License ရရှိထားသည့် ဝါရင့်နည်းပြတစ်ဦးဖြစ်သလို ဂျပန်ဂျေလိဂ်ကလပ် Kashima Antlers FC ၏ အကယ်ဒမီတွင် ၁၃ နှစ်ကျော်ကြာ နည်းပြခဲ့သည့် အတွေ့အကြုံရှိသူဖြစ်သည်ဟုလည်း ဆိုထားသည်။ 


၎င်းသည် မြန်မာနိုင်ငံသို့ မလာရောက်မီ တရုတ်နိုင်ငံ၊ ချန်ဒူးဘောလုံးအဖွဲ့ချုပ် (Chengdu FA) တွင် လူငယ်ဖွံ့ဖြိုးရေး နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ပြီး လူငယ်ကစားသမားများ ရှာဖွေဖော်ထုတ်ခြင်းနှင့် နည်းစနစ်ပိုင်း အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည့်အပြင် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် လူငယ်ဖွံ့ဖြိုးရေး နည်းပညာဒါရိုက်တာအဖြစ် ဆယ်စုနှစ် ၂ ခုကျော် လုပ်ကိုင်ခဲ့ရာ ဥရောပကလပ်များတွင် ကစားနေသည့် Machida Koki နှင့် Ueda Ayase တို့ကဲ့သို့သော ထိပ်တန်းကစားသမားများကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးခဲ့ကြောင်း သိရသည်။


၎င်း၏ (၂) နှစ်တာ သက်တမ်းအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထူးချွန်သည့် လူငယ်ကစားသမားများကို စနစ်တကျ ရှာဖွေခြင်း၊အကယ်ဒမီများရှိ နည်းပြများ၏ အရည်အသွေးကို မြှင့်တင်ရန် သင်တန်းများ ပို့ချခြင်း၊မြန်မာ့ဘောလုံး အကယ်ဒမီများအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ရေးဆွဲခြင်းများကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း MFF ၏ ထုတ်ပြန်မှုအရ သိရသည်။

Report Page