Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျပြီးတဲ့ မြန်မာနိုင်ငံသား ၆၁ ဦးကို ယခုလအတွင်း (၄) ကြိမ်မြောက်အဖြစ် မိခင်နိုင်ငံသို့ပြန်ပို့❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟑》


ထိုင်းနိုင်ငံအတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရပြီးနောက် ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား ၆၁ ဦးကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံအစိုးရတာဝန်ရှိသူတွေဆီ ဖေဖေါ်ဝါရီ ၂ ရက် နေ့ခင်းပိုင်းမှာ ပို့ဆောင်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။


အဲဒီမြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား ၄၃ ဦးနဲ့ အမျိုးသမီး ၁၅ ဦးအပြင် ကလေး ၃ ဦးလည်းပါဝင်တယ်လို့ သိရပြီး သူတို့အားလုံးကို ရနောင်းမြို့ဆိုင်ရာ မြန်မာသံရုံးတာဝန်ခံနဲ့ ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူတွေက ရနောင်းမြို့ ပန်းနာရပ်ကွက်မှာရှိတဲ့ အကောက်ခွန်လှေဆိပ်ကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက်ကို ပို့ဆောင် ပေးခဲ့တယ်လို့ ဆိုပါတယ်။

 

ထိုင်းအာဏာပိုင်တွေအနေနဲ့ ယခုလို ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်လွှဲပြောင်းခဲ့တာ ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ မြန်မာနိုင်ငံသား ၇၇ ဦး၊ ဇန်နဝါရီ ၁၃ ရက်နေ့က ၉၄ ဦးတို့ကို ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။


ဒါ့အပြင် ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ကချနဘူရီခရိုင် သံဖြူဇရပ်လမ်းကြောင်းအတိုင်း ဘုရားသုံးဆူကျေးရွာမှာရှိတဲ့ ကူးသန်းရောင်းဝယ်ရေးဂိတ် ၁၁ ကနေ မြန်မာနိုင်ငံသား ၁၆၄ ဦးကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်တာကြောင့် ယခုတစ်ကြိမ်နဲ့ဆိုရင် (၄) ကြိမ်ရှိခဲ့ပြီဖြစ်တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Report Page