Myanmar Hard Talk
MHTNEWS❝နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အတွက် မြန်မာ-ရုရှား လက်မှတ်ရေးထိုး❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟑》
မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို နှစ်နိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်မျိုးသန့်နှင့် Mr. Vasilii Sergeevich Osmakovတို့က ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Mr. Vasilii Sergeevich Osmakov က ဖေဖော်ဝါရီ ၂ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ ဂါရဝပြုလာရောက်တွေ့ဆုံစဥ် အဆိုပါ လက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီး ဌာနများအကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများအပြင် တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာ၊ သင်တန်းနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကိုည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။