Myanmar Hard Talk
MHTNEWS❝အမျိုးသမီး ၆ ဦးပါဝင်သည့် PDF ၂၄ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟑》
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် IPDF ၊ KNDF ၊ DPLA နှင့် ရှမ်း(တောင်)PDF အဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်ဟု သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ မိုးဗြဲ-ဖယ်ခုံမြို့နယ် ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တို့မှ ဖြစ်ကြသည်ဟု သိရပြီး KNDF အဖွဲ့မှ အမျိုးသား ၃ ဦး၊ အင်းလေး PDF အဖွဲ့မှ အမျိုးသား ၁ ဦး၊ ရှမ်း(တောင်)PDF အဖွဲ့မှ အမျိုးသား ၂ ဦး၊ DPLA အဖွဲ့မှ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၆ ဦးတို့ပါဝင်သည်ဟုဆိုသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ဖေဖော်ဝါရီ ၂ ရက်၊ မွန်းလွဲပိုင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူးများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများအသီးသီးပြောကြားပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဥပဒေအကြောင်းအရာများအား ဆွေးနွေးပြောကြားသည်။ ယင်းနောက် ဥပဒေဘောင် အတွင်းပြန်လည်ဝင်ရောက်ခဲ့ကြသူများမှ ၎င်းတို့နှင့်အတူ ပါရှိလာသည့် မောင်းပြန် ရိုင်ဖယ် ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၀ တောင့်တို့အား လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်းအတွင်း ဝင်ရောက်လာကြသူများအား မောင်းပြန်ရိုင်ဖယ် ၁ လက်နှုန်းအတွက် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းဖြင့် ၂ လက်အတွက် ငွေကျပ် သိန်း ၁၀၀ နှင့် အလင်းဝင်ရောက်လာသူအားလုံးအတွက် တစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှုန်း ဖြင့် ၂၄ ဦးအတွက် ဆုကြေးငွေကျပ် ၄၈ သိန်း၊ စုစုပေါင်းငွေကျပ် ၁၄၈သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပြန်လည်ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်းအတွင်းဝင် ရောက်လာကြသူများ ကိုယ်စား ဥပဒေဘောင်းအတွင်းဝင်ရောက်လာသူ ၁ ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးအပ်ခဲ့သည်ဟု သိရသည်။