Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ရေတာရှည်မြို့နယ်မှာ အရပ်သားတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ပြီး ၂ ဦးကို မော်တော်ယာဉ်တစ်စီးနဲ့အတူ ဖမ်းခေါ်သွား❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐》 


ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အရပ်သား အမျိုးသားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားပြီး အမျိုးသားနှစ်ဦးကိုတော့ မော်တော်ယာဉ်တစ်စီးနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်စဥ်တစ်ခု ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


ဖြစ်စဥ်က ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာနေ ဦးဇော်ထက်(၃၆)နှစ်နဲ့ ဥယျာဉ်မှူးကျေးရွာနေ ကိုဇင်ကိုဝင်း(၂၄)နှစ်တို့ဟာ ဥယျာဉ်မှူးကျေးရွာနေ ဦးမင်းမင်း(၃၈)နှစ် ပိုင်ဆိုင်တဲ့ FAW ကားတစ်စီးနဲ့ ပဲခူးရိုးမအတွင်းကို ဝါးများသယ်ယူဖို့ သွားရောက်စဉ် တုန်းကြီးကျေးရွာအနီးအရောက်မှာ အမျိုးသမီး ၂ ဦးပါဝင်တဲ့ PDF အကြမ်းဖက်သမား ၅ ဦးခန့်က မော်တော်ယာဉ်ကို တားဆီးခဲ့တာလို့ ဆိုပါတယ်။


အဲဒီနောက် ယာဉ်ပိုင်ရှင်ဖြစ်သူကို ဖုန်းဆက်ခေါ်ဆောင်ခိုင်းခဲ့တာကြောင့် ယာဥ်ပိုင်ရှင်ဖြစ်တဲ့ ဦးမင်းမင်း ဆိုသူဟာ ကြို့ပင်ထိုက်ကျေးရွာနေ ဦးကျော်ခိုင်(၄၆)နှစ်နဲ့အတူ မော်တော်ယာဉ်ရှိရာ တုန်းကြီးကျေးရွာကို ဆိုင်ကယ်နဲ့ ရောက်ရှိလာစဉ် PDF အကြမ်းဖက်သမားတွေက ဦးမင်းမင်း ဆိုသူကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ဦးဇော်ထက်နဲ့ ကိုဇင်ကိုဝင်းတို့ကိုတော့ မော်တော်ယာဉ်နဲ့အတူ ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာလို့ သိရပါတယ်။


အဲဒီဖြစ်စဥ်မှာ ဦးမင်းမင်းဆိုသူကို ဆိုင်ကယ်နဲ့လိုက်ပို့ခဲ့တဲ့ ဦးကျော်ခိုင်ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရတာကြောင့် ယင်းဖြစ်စဥ်နဲ့ပတ်သက်လို့ ဒေသခံတွေဆီ မေးမြန်းကြည့်ရာမှာတော့ ဦးကျော်ခိုင်ဟာ ဦးမင်းမင်းကို လိုက်ပို့ခဲ့ပေမယ့် ဆိုင်ကယ်ဖြတ်မရတဲ့ ရွှံ့ဖွက်ရှိနေတာကြောင့် အဲဒီရွှံ့ဖွက်ရဲ့ တစ်ဖက်ကနေ စောင့်ဆိုင်းနေစဥ်မှာ PDF အမျိုးသမီး ၂ ဦးကို ဦးမင်းမင်းကို လာဖမ်းတာဖြစ်တဲ့အကြောင်း ပြောဆိုသံကိုကြားရပြီး အဲဒီအချိန်မှာပဲ ဦးမင်းမင်းက ထွက်ပြေးဖို့ကြိုးစားတာကြောင့် သေနတ်နဲ့ပစ်သတ်လိုက်တာကို တွေ့ရတဲ့အတွက် သူလည်း ဆိုင်ကယ်ကိုထားခဲ့ပြီး တောလမ်းအတိုင်း ထွက်ပြေးခဲ့ရတာလို့ ပြောပါတယ်။


ကျန်နေခဲ့တဲ့ သူ့ရဲ့ဆိုင်ကယ်ကတော့ PDF က တစ်ခုတစ်ခြားစီ ဖျက်စီးသွားခဲ့လို့ ဘာမှသုံးမရတော့ဘူးလို့လည်း သိရပါတယ်။

Report Page