Myanmar Hard Talk
MHTNEWS❝PDF တွေက အသက် (၆၀) ကျော်အရွယ် ရာအိမ်မှုးတစ်ဦးကို သတ်ဖြတ်သွားသလို သထုံမြို့နယ်မှာလည်း KNU/ PDF တွေရဲ့မိုင်းကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐》
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၁၀ နာရီ ၅၀ မိနစ်အချိန်က PDF အမည်ခံ အကြမ်းဖက်သမားတွေဟာ ရာအိမ်မှူးတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းမှတ်တမ်းအရ သိရပါတယ်။
သတ်ဖြတ်ခံရသူက ငှက်ပြောတောကျေးရွာမှာနေထိုင်တဲ့ အသက် (၆၂) နှစ်အရွယ် ရာအိမ်မှူး ဦးကျော်စိုး ဆိုသူဖြစ်တယ်လို့ သိရပြီး သူဟာ အောင်ခိုင်ကျေးရွာကနေ ငှက်ပြောတောကျေးရွာကို ခြေလျင်ပြန်လာစဉ် ငှက်ပြောတောကျေးရွာအနီးအရောက်မှာ PDF ၄ ဦးက ဆိုင်ကယ် ၂ စီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ပစ်သတ်သွားခဲ့တာလို့ ဆိုပါတယ်။
အလားတူ မွန်ပြည်နယ်၊ သထုံမြို့နယ်မှာလည်း KNU အကြမ်းဖက်အဖွဲ့ နဲ့ PDF အကြမ်းဖက်သမားတွေထောင်ထားတဲ့ မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်တစ်ခု ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကျန်စစ်သားအိမ်ရာမှာနေထိုင်တဲ့ ဦးမြတ်ထွန်း (၃၈)နှစ်ဖြစ်တယ်လို့ သိရပြီး သူဟာ ၁၂ ဘီးကုန်တင်ယာဉ်ကို မွန်ပြည်နယ်၊ သထုံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ကို မောင်းနှင်လာစဉ် သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် ၁၃၅ မိုင်မှာရှိတဲ့ “ချောစု”စက်သုံးဆီအရောင်းဆိုင်အနီး ဇရပ်ရှေ့အရောက်မှာ မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။
အဲဒီမိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် မော်တော်ယာဉ်ရဲ့ ရှေ့ယာဘက်တံခါးမှန်နဲ့ ယာဉ်ယာဘက်ခြမ်းတို့မှာ မိုင်းပေါက်ကွဲစထိမှန်ပျက်စီးခဲ့သလို ဦးမြတ်ထွန်းမှာလည်း မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေရရှိခဲ့လို့ ဆေးကုသနိုင်ရေး သထုံခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။