Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝မင်းဘူးမြို့နယ်မှာ မူလတန်းပြ ကျောင်းဆရာတစ်ဦးကို PDF က သတ်ဖြတ်ပြီး လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဉ်တစ်စီးကိုပါ ခြိမ်းခြောက်ယူဆောင်သွား❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐》


မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကျွန်းပြားကျေးရွာမှာ မူလတန်းပြ ကျောင်းဆရာတစ်ဦးကို PDF အမည်ခံ အကြမ်းဖက်သမားတွေက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခဲ့တဲ့အပြင် ၎င်းကျေးရွာမှာရှိတဲ့ လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဉ်တစ်စီးကိုလည်း ခြိမ်းခြောက်လုယက်ယူဆောင်သွားတဲ့ဖြစ်စဥ်တစ်ခု ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၈ နာရီအချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


သတ်ဖြတ်ခံရသူက ကျွန်းပြားကျေးရွာမှာနေထိုင်ပြီး အဲဒီကျေးရွာရဲ့ အခြေခံပညာအထက်တန်းကျောင်းခွဲမှာ မူလတန်းပြကျောင်းဆရာတာဝန်ထမ်းဆောင်နေတဲ့ အသက် (၅၅) နှစ်အရွယ် ဦးမြင့်ဌေး ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။


သူ့ကို အခင်းဖြစ်ပွားတဲ့နေ့မှာ ဆိုင်ကယ် ၅ စီးနဲ့ရောက်လာတဲ့ PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သူ့ရဲ့ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာ အဲဒီကျေးရွာအနီး ယာခင်းထဲကနေ တွေ့ရှိခဲ့တာပါ။


အလားတူ ၎င်းအကြမ်းဖက်သမားတွေဟာ ကျေးရွာမှာရှိတဲ့ မေတ္တာ ရောင်ပြန်လူမှုကူညီရေးအသင်းပိုင် 5G/ 4202 HILUX Double Cab AMBULANCE အဖြူရောင်မော်တော်ယာဉ်တစ်စီးကိုလည်း အကြမ်းဖက်ခြိမ်းခြောက်ပြီး လုယက်ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

Report Page