Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝မွန်တိုင်းရင်းသား/သူများအနေဖြင့် အခြားတိုင်းရင်းသားများနှင့်အတူ မြန်မာနိုင်ငံ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ပြောကြား❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐》


မွန်တိုင်းရင်းသား/သူများအနေဖြင့် အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ မိမိတို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။


ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်၍ အဖွင့်မိန့်ခွန်းပြောကြားစဥ် ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိရာ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများ မတူညီသော်လည်း မိသားစုစိတ်ဓါတ်ဖြင့် အတူတကွချစ်ကြည်ရင်းနှီးစွာ နေထိုင်လျက်ရှိကြောင်း ပြောကြားသည်။


အလားတူ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားအားလုံး၏ နေ့ထူးနေ့မြတ်တွေကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ ဖော်ထုတ်ကျင်းပပေးလျက်ရှိသည့်အပြင် တိုင်းရင်းသားများ၏ စာပေဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

Report Page