Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ရှုခင်းကြည့် Sight Seeing ရထားခရီးစဉ် ၁ လကျော်ကာလအတွင်း စီးနင်းသူ ၂၁၀၀ ကျော်ရှိခဲ့❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟑𝟏》


ဂုတ်ထိပ် (၁) ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ် (၂) ဂုတ်ထိပ်-ပြင်ဦးလွင် ရှုခင်းကြည့် Sight Seeing ရထားခရီးစဉ်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်မှစတင်၍ အပတ်စဉ်စနေ၊ တနင်္ဂနွေရက်များတွင် ပြေးဆွဲပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်အထိ ၁ လကျော်ကာလအတွင်း လိုက်ပါစီးနင်းခဲ့သူ ခရီးသည်စုစုပေါင်း ၂၁၉၃ ဦး ရှိခဲ့ကြောင်း သိရသည်။


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ပြည်တွင်းမှခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားလာသူများ သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးကို လေ့လာကြည့်ရှုနိုင်ရန်နှင့် လမ်းခရီးရှိ ရေမြေတောတောင်သဘာဝရှုခင်းများ လေ့လာကြည့်ရှုနိုင်ရန် အဆိုပါ Sight Seeing ရထားခရီးစဉ်ကို စီစဥ်ပြေးဆွဲပေးခဲ့ခြင်းဖြစ်သည်။


အဆိုပါ ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်- ပြင်ဦးလွင် RBE ရထားခရီးစဉ်တွင် ခရီးသည် ၄၀ လိုက်ပါစီးနင်းနိုင်ပြီး ဂုတ်ထိပ် (၁) RBE ရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီတွင် ထွက်ခွာ၍ ဂုတ်ထိပ်ဘူတာသို့ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိရပ်နားမည်ဖြစ်သလို ဂုတ်ထိပ် (၂) RBE ရထားသည် ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ ညနေ ၄ နာရီအချိန်တွင် ပြန်လည် ရောက်ရှိမည်ဖြစ်သည်။


လမ်းခရီးတွင် ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချို ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး ဂုတ်ထိပ်ဘူတာမှ ဂုတ်ထိပ်တံတားပေါ် ဖြတ်သန်းပြီး ရှုခင်းကြည့်နေရာအထိ လူ ၂၀ လိုက်ပါ စီးနင်းနိုင်သည့် RGC ရထားအားတစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိ ရာ ယနေ့အထိ ၄၀၀လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။


ပြင်ဦးလွင်-ဂုတ်ထိပ် အသွား/အပြန်ခရီးစဉ်အတွက် အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ပုံမှန်ပြေးဆွဲပေးလျက်ရှိပြီး ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ သီးခြားရက်များတွင်ငှားရမ်းလိုပါက RBE ရထား (တစ်စင်းလုံး) ၂၄ ဦး လိုက်ပါ စီးနင်းနိုင်သည့် အထက်တန်းတွဲဖြင့် အသွား/အပြန်ခရီးစဉ်အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ကျပ်ခုနစ်သိန်း နှစ်သောင်းကျသင့်မည်ဖြစ်သည်။


ထို့အတူ ခရီးသည် ၁၅၀ နှင့်အထက် စီးနင်းနိုင်ရန် ရထားကြီးဖြင့် ထိုင်ခုံ ၃၀ ပါ အထက်တန်းတွဲ၊ ထိုင်ခုံ ၆၀ ပါ ရိုးရိုးတန်းတွဲနှင့် ဘရိတ်တွဲတို့ဖြင့် ချိတ်ဆက်၍ ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ခရီးစဉ်အပြင် ဇီးပင်ကြီး၊ အနီးစခန်းနှင့် သုံးတောင်ဘူတာတို့မှ လိုက်ပါစီးနင်းလိုပါကလည်း ပြေးဆွဲပေးမည်ဖြစ်ရာ ပြင်ဦးလွင်- ဂုတ်ထိပ် - ပြင်ဦးလွင် အသွား/အပြန် ရိုးရိုးတန်းတစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀နှင့် အထက်တန်း တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ကျသင့်မည်ဖြစ်ပြီး အနီးစခန်း ဘူတာမှ စတင်ပြေးဆွဲပေးခဲ့မှုအတွက် ရိုးရိုးတန်းတစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀နှင့် အထက်တန်းတစ်ဦးလျှင် ငွေကျပ် ၃၅၀၀၀ ကောက်ခံပြေးဆွဲပေးခဲ့သည်။


အထက်ပါ နှုန်းထားများဖြင့် ရှုခင်းကြည့် Sight Seeing ခရီးစဉ်များအတွက် Package ဖြင့် RBE (သို့မဟုတ်) ရထားကြီး စင်းလုံးငှားရမ်းလိုပါက ၃ ရက် ကြိုတင်၍ ရုံပိုင်ကြီး (အထူးတန်း) ပြင်ဦးလွင်၊ ဖုန်း၀၉-၄၄၈၅၃၈၈၃၀ မှတစ်ဆင့် ဆက်သွယ်ငှားရမ်းနိုင်ကြောင်း သိရသည်။

Report Page