Myanmar Hard Talk
MHTNEWS❝မှတ်ပုံတင်အတုနှင့် သန်းခေါင်စာရင်းအတုများ ပြုလုပ်ရောင်းချသူ ၄ ဦးကို ပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့်အရေးယူ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟏𝟗》
ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်အတုနှင့် သန်းခေါင်စာရင်းအတုများ လိမ်လည် ပြုလုပ်ရောင်းချသော အမျိုးသားလေးဦးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ ဗထူး (၁၁) လမ်းတွင်နေထိုင်သောဂျင်မီအောင်(ခ)ကုလားကြီး(ခ)ဟာရွန်နှင့် ကျော်ထက်အောင်တို့နှစ်ဦးကို ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီခန့်က ဖမ်းမိခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှင့်အတူ ပြုလုပ်ထားပြီး မှတ်ပုံတင် (၄၅)ခု၊ ပြုလုပ်ဆဲ မှတ်ပုံတင် (၁၁၀)၊ သာသနာဝင်ကတ် (၃)ခု၊ သန်းခေါင်စာရင်းအတု (၅၃) ခု၊ ရဲစခန်းထောက်ခံစာ(၁၂၀)၊ ရပ်ကွက်ထောက်ခံစာ (၄)ခု၊ ကျောင်းထောက်ခံစာ (၃)ခု၊ အလုပ်သမားမှတ်ပုံတင် (၁၁၀)၊ ဌာနဆိုင်ရာ ရုံးတံဆိပ် ၁၈ ခုနှင့် ဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ရွှေပြည်သာမြို့နယ်၊ တ/၁၅ ရပ်ကွက်၊ ရေအိုးစင်လမ်းတွင် နေထိုင်သော ဇင်မောင်နိုင်(ခ)နူရွတ်လာ ဆိုသူနှင့် ညီထွေးနိုင်(ခ)ကုလားဘုန်းကြီး(ခ)ဟာစန်း ဆိုသူတို့နှစ်ဦးကို ယင်းနေ့ ည ၈ နာရီခန့်အချိန်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ ပြုလုပ်ပြီး မှတ်ပုံတင် (၉) ခု၊ ပြုလုပ်ဆဲ မှတ်ပုံတင် (၈)ခု၊ သန်းခေါင်စာရင်း (၄)ခု၊ရုံးတံဆိပ် (၁၂)ခုနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်း ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။