Myanmar Hard Talk
MHTNEWS❝ကံမမြို့နယ်နဲ့ မြစ်သားမြို့နယ်တို့မှာ အရပ်သားအချို့ PDF ဖမ်းဆီးခြင်းခံရ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟏𝟕》
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်နဲ့ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တို့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က အရပ်သားအချို့ PDF အကြမ်းသမားတွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
ကံမမြို့နယ်မှာ ဖမ်းဆီးခံရသူက ကြို့ပင်ကျေးရွာမှာနေထိုင်တဲ့ အသက် (၅၉) နှစ်အရွယ် ဦးစံမောင် ဖြစ်တယ်လို့သိရပြီး သူဟာ ဇန်နဝါရီ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန်မှာ ကြို့ပင်ကျေးရွာကနေ သပြေကိုင်းကျေးရွာကို သွားရောက်စဉ် သပြေကိုင်းကျေးရွာအရောက်မှာပဲ PDF အကြမ်းဖက်သမား ၁၂ ဦးက ဆိုင်ကယ် ၆ စီးနဲ့ ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်မှာဆိုရင်လည်း ဇန်နဝါရီလ ၁၆ ရက်နေ့ မနက် ၃ နာရီအချိန်မှာ PDF အမည်ခံ အကြမ်းဖက်သမား ၄ ဦးက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်တဲ့ ကျွဲဆွဲကျေးရွာနေ အသက် (၄၇) နှစ်အရွယ် ဦးအောင်ဆန်းဝင်း ဆိုသူကို နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဥ်တွေနဲ့ပတ်သက်လို့ လက်ရှိမှာတော့ အကြမ်းဖက်သမားတွေကို ဖော်ထုတ်နိုင်ဖို့နဲ့ အဖမ်းခံရသူတွေကို ပြန်လည်ကယ်တင်နိုင်ဖို့ လိုအပ်တဲ့ လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေကို ဆောင်ရွက်နေကြတယ်လို့လည်း ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။