Myanmar Hard Talk
MHTNEWS❝မုံရွာနဲ့ မင်းဘူးဘက်မှာ အရပ်သားတွေ PDF ဖမ်းဆီးခြင်းခံရ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟗》
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နဲ့ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ဘက်မှာ ဇန်နဝါရီ ၈ ရက်နေ့က အရပ်သားတွေကို PDF တွေက အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
မုံရွာမြို့နယ်မှာ PDF ဖမ်းဆီးခြင်းခံရသူက ဘုန်းစိုးရပ်ကွက်မှာနေထိုင်တဲ့ အသက် (၇၄) နှစ်အရွယ် နီလာခေါက်ဆွဲစက်ပိုင်ရှင် ဒေါ်ဝင်းကြည် ဖြစ်တယ်လို့သိရပြီး သူ့ကိုတော့ PDF ၃ ဦးက ဇန်နဝါရီ ၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်မှာ နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
အလားတူ မင်းဘူးမြို့နယ်မှာ ဖမ်းဆီးခံရသူကတော့ ဇီးအိုင်းကျေးရွာမှာနေထိုင်တဲ့ အသက် (၅၃) နှစ်အရွယ် ဦးမင်းဇော် ဆိုသူဖြစ်တယ်လို့သိရပြီး သူဟာ ဇန်နဝါရီ ၈ ရက်၊ နေ့လည် ၃ နာရီခွဲအချိန်က ပင်းတလဲကျေးရွာအနီးမှာရှိတဲ့ သူ့ရဲ့စိုက်ခင်းကနေ ဇီးအိုင်းကျေးရွာဘက်ကို ဆိုင်ကယ်နဲ့ ပြန်လာစဉ် မင်းဘူး-ပဒါန်း ကားလမ်းအနီး တောလမ်းထိပ်အရောက်မှာ PDF ၄ ဦးတို့က ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ဦးမင်းဇော်စီးလာတဲ့ ဆိုင်ကယ်တစ်စီးနဲ့ လက်ကိုင်ဖုန်းတစ်လုံးတို့ကိုပါ PDF တွေက သိမ်းဆည်းယူဆောင်သွားခဲ့တယ်လို့ သိရသလို အဆိုပါ ဖမ်းဆီးခံရသူတွေကို ပြန်လည်ကယ်တင်နိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။