Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝EV နည်းပညာအရွေ့များအတိုင်း အမီလိုက်ပါနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် သိပ္ပံနှင့်နည်းပညာဒုဝန်ကြီး တိုက်တွန်း❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟐》


မြန်ဆန်စွာဖွံ့ဖြိုးနေသော EV နည်းပညာအရွေ့များအတိုင်း အမီလိုက်ပါနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက လုပ်ငန်းကော်မတီ(၃/၂၀၂၅) အစည်းအဝေးတွင် တိုက်တွန်းမှာကြားခဲ့သည်။ 


ယင်းအစည်းအဝေးကို ဒီဇင်ဘာ ၃၁ ရက်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၂ တွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။


နိုင်ငံတော်တွင် နိုင်ငံတကာနှင့်တန်းတူ EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် အဖိုးတန် သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းနိုင်ရေး၊ ခေတ်မီ Smart Transportation ၊ Smart City များမှသည် Sustainable Future ကို ဖော်ဆောင်နိုင်ရေး၊ စက်သုံးဆီကုန်ကျစရိတ်များ လျှော့ချနိုင်ရေး၊ ကျန်းမာရေးကောင်းမွန် စေရေးစသည့် ကောင်းကျိုးဆုလာဘ်များကို ပြည်သူလူထုရရှိကာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့အနာဂတ်ကောင်းများကို ဖော်ဆောင်နိုင်ရေးတို့အတွက် ၂၀၅၀ ပြည့်နှစ်အထိ လမ်းပြမြေပုံနှင့် မူဝါဒများချမှတ် ဆောင်ရွက်နေရာ ညွှန်ကြားချက်များအတိုင်း ဌာနများပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။ 


အလားတူ ကမ္ဘာ့ EV လောကတွင် နည်းပညာနှင့် စီးပွားရေးဆိုင်ရာပြိုင်ဆိုင်မှုများ ပြင်းထန်လျက်ရှိပြီး နိုင်ငံတော်တွင် EV သုံးစွဲမှုများ တစ်ရှိန်ထိုး မြင့်တက်လာသည်ကို တွေ့ရှိရရာ ပြည်သူတို့ EV ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေးနှင့် နိုင်ငံ့ EV လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အထောက်အကူပြုနိုင်စေဖို့ လက်တွေ့ကျသော နည်းပညာများကို ဖြည့်ဆည်းပေးနိုင်ရန် မိမိတို့ကော်မတီ၏ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရန်လည်း မှာကြားခဲ့သည်ဟု သိရသည်။

Report Page