Murderer Report (2025)

Murderer Report (2025)

BY Ariel

IMDb – 7.1/10, MyDramaList - 7.7


 Parasite, My Daughter Is a Zombie ထဲမှ မင်းသမီး Cho Yeo-jeong နဲ့ The Glory, Uprising ထဲမှ မင်းသား Jung Sung-Il တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Murderer Report ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။


 ဇာတ်လမ်းအကျဉ်း သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Baek Seon-Ju (Cho Yeo-Jeong) ကတော့ သတင်းထောက်ပီပီ သတင်းဦး၊ သတင်းထူးတွေနောက်ကို အငမ်းမရလိုက်နေတဲ့ သတင်းသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ သတင်းထောက် Seon- Ju ဆီကို တစ်နေ့ကျတော့ လူ ၁၁ ယောက်ကို သတ်ခဲ့တဲ့ စိတ်ရောဂါကုဆရာဝန် Lee Yeong-Hun (Jung Sung-Il) ဆိုသူက အင်တာဗျူးပေးဖို့ တောင်းဆိုလာပြီး အင်တာဗျူးမဲ့ အကြောင်းအရာကလည်း သူကိုယ်တိုင် သတ်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုတွေအကြောင်းကို ထုတ်ဖော်ပြောပြချင်လို့ဆိုတာပါပဲ.. 


 တကယ်လို့ Seon-Ju သာ သူ့ကို အင်တာလာဗျူးပေးမယ်ဆိုရင် သူ့ရဲ့ နောက်ပစ်မှတ်ကို ကယ်တင်ဖို့ အခွင့်အရေးပေးမယ်လို့လည်း ဆိုလာပါသေးတယ်။ဒီတော့.... Seon-Ju တစ်ယောက် ဝါရင့်သတင်းသမားပီပီ အန္တရာယ်တွင်းထဲ ခုန်ဆင်းပြီး အင်တာဗျူးမှာလား....ကွင်းဆက်လူသတ်သမားကရော ဘယ်လိုရည်ရွယ်ချက်တွေနဲ့ Seon-Ju ကိုမှ ဒီအကြောင်းတွေကို ထုတ်ပြောဖို့လုပ်ရတာလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။



Report Page