Mr.Robot

Mr.Robot

ကြည့်...ကြည့်..ကြည့်


Mr.Robot ဆိုတဲ့ Series ကတော့ Drama လည်းဖြစ်သလို Techno-Thriller အမျိုးအစားဆိုလည်း မှားမယ်မထင်ပါဘူး..လက်ရှိမှာတော့ Season-4 အထိထွက်ရှိထားပြီးတော့ ဆုများစွာ ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 


Mr.Robot မှာပါဝင်တဲ့ Character တစ်ခုချင်းစီရဲ့ ဇာတ်ကြောင်းက စိတ်ဝင်စားဖို့ တော်တော်လေးကောင်းပါတယ်။ အဓိက Character တစ်ယောက်ဖြစ်တဲ့ Elliot ကတော့ Cyber Security Engineer တစ်ယောက်ဖြစ်သလို hacker ဂုရုတစ်ယောက်လည်းဖြစ်တဲ့အပြင် Security firm တစ်ခုမှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ။ သူ့မှာ DPI လို့ခေါ်တဲ့ dissociative personality disorder ဖြစ်နေတဲ့သူတစ်ယောက်ပါ။ DPI ဆိုတာ လူတစ်ယောက်ထဲက ပုံစံမတူတဲ့ ကိုယ်ရည်ကိုယ်သွေး (Personalities) တွေကို ပိုင်ဆို်င်ထားသူပါ။ လူကတော့ တစ်ယောက်တည်းဖြစ်ပေမယ့် ပုံစံမတူတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကြောင့် Personality တစ်ခုနဲ တစ်ခု အကူးအပြောင်းကြားက အဖြစ်အပျက်တွေကိုတော့ အချို့အချိန်တွေကျရင် မေ့နေတတ်တဲ့သဘောရှိနေတဲ့အပြင် Elliot ဆေးဆွဲနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ သို့ပေမယ့် သူနဲ့ နည်းစပ်သူတွေကိုတော့ ကောင်းနိုးရာရာလေးတွေကို လုပ်ပေးဖို့ ဆန္ဒရှိသူပါ...


တစ်နေ့မှာတော့ Mr.Robot နဲ့ အလုပ်တူတူတွဲလုပ်ဖို့ ခန့်အပ်ခံခဲ့ရပါတယ်။ Mr. Robot ကတော့ Fsociety အတွက် ရည်ရွယ်ချက်နဲ့ ကြီးမားစွာနဲ့ အလုပ်လုပ်တာပါ။ Fsociety ဆိုတာကတော့ Fuck Society ကိုညွှန်းဆိုတာပါ။ အရင်းရှင်ဝါဒ ကြီးစိုးမှုတွေအောက်မှာ အကြွေးတွေ ပိနေတဲ့သူတွေအတွက် Hackers တွေပေါင်းစုပြီး အလုပ်လုပ်ကြတဲ့သဘောပါ။ Hacker တွေလို့ပြောတဲ့ အထဲမှာ တရုတ်ဘက် Hackers ဂုရုကြီးတွေနဲ့ပါ ပူးပေါင်းပြီး လုပ်ဆောင်တဲ့ အခန်းတွေလည်းပါဝင်ပါတယ်။ Fsociety ရဲ့ အဓိက နဲ့ အရေးကြီးဆုံး ရည်မှန်းချက်က လူတွေကို အရင်းရှင်ဝါဒ/ အရင်းရှင်းဝါဒီ အောက်က လွတ်မြောက်စေချင်တာဖြစ်ပြီး တင်နေသမျှ အကြွေးနွံတွေကနေလည်း လူတွေကို လွတ်မြောက်အောင် လုပ်ပေးချင်တာပါ။  Cooperate တွေကသိမ်းထားတဲ့ လူတွေရဲ့ အကြွေးစာရင်း Data တွေကို Encrypted ( ဝှက်စာ) အနေနဲ့ပြောင်းလဲလိုက်ပြီး စာရင်းတွေကို ဖျောက်လိုက်တာပါ...အဲ့လို့ Attack ပြုလုပ်နေစဉ်အတွင်းမှာ Elliot  ကြီးရဲ့ Personality တစ်ခုနဲ့ တစ်ခု အပြောင်းအလဲကြား မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး ဘာတွေဆက်ဖြစ်သွားမလဲ ဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ Mr.Robot ဆိုတာကလည်း လူအနေနဲ့ တကယ်ရှိနေတာမျိုးမဟုတ်ပဲ Elliot တစ်ယောက်ထဲ မြင်ပြီး ဆက်သွယ်လို့ရတဲ့ အရာတစ်ခုဆိုရင်....ကဲရောင်းရင်းတို့ရေ...တော်တော်လေး နက်နဲသွားပြီးဗျို့....


Mr.Root ထဲမှာပါဝင်တဲ့ Character တစ်ယောက်ခြင်းစီရဲ့ နောက်ကြောင်းဘဝတွေကလည်း နက်နဲနေသလို စိတ်ဝင်စားစရာလည်း ကောင်းကတစ်ကြောင်း.. Season တွေလည်းများတာဖြစ်တာ ကလည်း တစ်ကြောင်းဆိုတော့ ...အကုန်လုံးကိုတော့ မညွှန်းဆိုတော့ဘူးဗျာ...Episode တစ်ခုလောက်ကြည့်ပြီးမှပဲ Comment မှာဝိုင်းတော်သားတွေနဲ့ အတူ ဆွေးနွေခန်းဝင်ကြတာပေါ့…ကြည့်ဖြစ်အောင် ကြည့်ကြပါဗျို့....


ကြည့်ရှုရန် Link: https://moviesjoy.to/tv/mr-robot-39403

# ကြည့်.,ကြည့်..ကြည့်

#Mr. Robot







Report Page