Mother (2009)

Mother (2009)

By Ariel

IMDb – 7.7/10, MyDramaList - 7.9


 mother ရုပ်ရှင်က အမေတစ်ယောက်ရဲ့မေတ္တာကို အဓိကဖော်ပြထားတယ့်ကားတစ်ကားပါ။ IMDb 7.8 ထိရရှိထားပြီး Rotten tomatoes 95% နဲ့Roger Ebert 4 မှာ 3.5 ထိရရှိခဲ့တယ့် ဇာတ်ကားဖြစ်ပါတယ် Rating တွေမြင့်နေတာလဲ ဇာတ်ကားကြည့်ပြီး မှာဘာကြောင့်မြင့်နေလဲဆိုတာ သဘောပေါက်နိုင်ပါလိမ့်မယ် Budget ကန်ဒေါ်လာ ၅ မီလီယံနဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၁၇.၁ မီလီယံထိအောင် ရရှိခဲ့တယ့် crime & Thriller ဇာတ်ကားကောင်းဖြစ်ပါတယ်။ 


အာရှ ၊ ဥရောပ ၊ အမေရိက နဲ့အရှေ့အလယ်ပိုင်း နိုင်ငံတွေ မှာ စပြီးပြသခဲ့တယ့် မေလ ၂၉ ရက် ၂၀၀၉ ခုနှစ်မှစပြီး၂၀၁၀ခုနှစ်ထိ ရုပ်ရှင်ဇာတ်ကား ဆုပေးပွဲပေါင်း ၂၆ ခုမှာ ဆုပေါင်း ၅၉ဆုအထိလျာထားခြင်းခံခဲ့ရပါတယ်။ ဇကာတင်ဆုစာရင်းတွေမှာ ဆု၂၀ ဝင်ခဲ့ပြီး ၃၉ ဆုကိုတော့သိမ်းပိုက်ရရှိခဲ့ပါတယ်။ကိုရီးယားနိုင်ငံရဲ့တောပ့်စတား ဆောင်းဝန်ဘင်း နဲ့ မင်းသမီးကြီး ကင်မ်ဟေးဂျ တို့အဓိက ပါဝင်သရုပ်ဆောင်းထားပြီး တစ်ကားလုံး ၁၂၈ မိနစ်ကြာပါတယ်


ညဏ်ရည်မမှီတယ့် သားကို တစ်ယောက်တည်းကို လိုလေသေးမရှိ ပြုစုစောင့်ရှောက်ခဲ့တယ့်မုဆိုးမမိခင်တစ်ယောက်ရဲ့မေတ္တာတွေကိုဖော်ကျူးထားတယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။သာမာန်လူတွေ လိုမလုပ်ကိုင်နိုင်တဲ့ ယောကျာ်းလေးတစ်ယောက်ရဲ့ ဘဝအမြင်နဲ့ ညဏ်ရည် မမှီတယ့် သားကိုပြုစုစောင့်ရှောက်ရတယ့် အခါ လူသားမိခင်တစ်ယောက်ရဲ့ ဖြစ်ပေါ်ခံစားလာရတယ့် ခံစားချက်တွေသားအတွက်ဘာမဆိုလုပ်ရဲတယ့် မိခင်တစ်ယောက်ရဲ့သတ္တိ လူတွေရဲ့သဘောသဘာဝတွေနဲ့တရားဥပဒေရဲ့အောက်ခြေလူတန်းစားတွေအပေါ် အကာအကွယ်မပေးနိုင်တယ့် အားနည်းချက်တွေ ကို မီးမောင်းထိုးပြပေးထားပါတယ်။


သားဖြစ်သူတစ်ယောက် လူသတ်မှုကြောင့်စွပ်စွဲခံနေရတယ့်အချိန်သားဖြစ်သူလွှတ်မြောက်ရေးအတွက် ရှက်တာတွေ ၊ ကြောက်တာတွေ မရှိတော့ဘဲလူတိုင်းကို အောက်ကျို့ပြီးအကူအညီတောင်း ခံနေချိန် သားဖြစ်သူကတော့ ညဏ်ရည်မမှီလို့ဘာမှမသိနားမလည်ခဲ့ပါဘူး။သားဖြစ်သူရဲ့တစ်ဦးတည်းသော သူငယ်ချင်းက သူလုပ်ထားတယ့်အပြစ်ကို လွှဲချပြီး ကိုယ်လွတ်ရုန်းသွားလား၊ညဏ်ရည်မမှီတယ့် သားဖြစ်သူကဘဲ တကယ်သတ်လိုက်တာလား ၊သတ်ခံလိုက်ရတယ့် ကျောင်းသူလေးမှာရောဘာဇာတ်လမ်းတွေရှိခဲ့လဲ ဆိုတာဇာတ်သိမ်းခန်းမှာတွေ့မြင်ရမှာပါ။


ဘယ်လောက်တိုးတက်တယ့်နိုင်ငံ ဖြစ်စေကာမူ တရားဥပဒေက လူတိုင်းကိုလက်လှမ်းမမှီနိုင်တာတွေ၊မျက်နှာကြီးရာ ဟင်းဖက်ပါတက်တယ့် လူသဘာဝတွေကို ရုပ်ရှင်ထဲမှာတွေ့ရမှာပါ။တိတ်ဆိတ်ပြီး အေးအေးဆေးဆေးဖြစ်တယ့် အချိန်ကြည့်ရင် ပိုပြီးဇာတ်ကားရဲ့ပေးချင်တဲ့ရသကိုခံစားရမှာပါ။



Report Page