Mobile Data Pricing

Mobile Data Pricing

ဖုန်းဒေတာ ဘာကြောင့် စျေးနှုန်းတွေ ဘာကြောင့်တက်တာလဲ?


ဖုန်းဒေတာစျေး နှုန်းတွေ ၃ ၄ဆ လောက်မြင့်တက်တော့မယ်လို့ ရောင်းရင်းတို့ ကြားနေကျတဲ့ သတင်းက ဒီနေ့မှာတော့ သေချာသွားပါပြီ။ သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာတွေကလဲ အလျှိလျှိ မတ်စေ့ချ်တွေပို့ပီ မဟုတ်လား 


ဒီကိစ္စမှာ  ဖုန်းဒေတာစျေးဘာကြောင့်တက်တာလဲ ဘယ်လောက်ထိတက်မှာလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ် ...

အဓိက အကြောင်းအရင်းကတော့ အဓမ္မဝိုင်းတော်သားများက သေနတ်ကိုင်တာက လွှဲရင်ဘာမှမမလုပ်တတ်တော့တဲ့ အတွက် လူထုရဲ့ ဒေတာလက်လှမ်းမှီမှုကို အတိုင်းအတာ တစ်ခုထိလျော့ချချင်လို့၊ သတင်းအချက်အလက် စားသုံးမှုနဲ့ စီးဆင်းမှုတွေကို အချိန်အတိုင်းအတာတစ်ခုထိ နှေးသွားစေချင်လို့..နောက်ဆုံးအချက်ကတော့ ရောင်းရင်တို့အနေနဲ့ အင်တာနက်ပေါ်ကနေ တစ်ဆင့် ပါဝင်လို့ရမယ့် ကမ်ပိန်းတွေ၊ တော်လှန်ရေးအတွက် ပါဝင်အားဖြည့်နိုင်တဲ့လုပ်ဆောင်မှုတွေ အပြင် Click To Donate လိုမျိုး တော်လှန်ရေးအတွက် အထောက်အကူဖြစ်ပြီး ဝင်ငွေရစေနိုင်တဲ့ လုပ်ဆောင်မှုတွေကို ရပ်တန့်စေချင်လို့ ယူဆလို့ရပါတယ်....


လူငယ်တွေ အပြင် လူကြီးတွေကပါ အိမ်မှာနေပီး Click လုပ်နေရုံနဲ့ တော်လှန်ရေးကို ထောက်ပံ့ပေးနိုင်နေခြင်းဟာ လက်ရှိမှာ သင့်တင့်မျှတတဲ့ဈေးနှုန်းတစ်ခုနဲ့ အင်တာနက် ကိုအသုံးပြုနေနိုင်ခဲ့လို့ပါပဲ ။ ဒီလို click အင်အားနဲ့ ပါဝင်အားဖြည့်ခြင်းကနေ ရရှိတဲ့ ငွေကြေးပမာဏ ဟာ အဓမ္မဘက်တော်သားတွေ ကြောက်ရွံထိတ်လန့်နေ့တဲ့အထိ ပဲ ဖြစ်ပါတယ် ။ ဒါကြောင့် လူထု ရဲ့ စိတ်ဓာတ်ကို Data နဲ့ စစ်ဆင်တဲ့ သဘောလို့ပြောရမှာပါပဲ။ အစစအရာရာ ခက်ခဲနေတဲ့ အချိန်မှာ 2GB လောက်ရှိတဲ့ Data ကို တစ်သောင်း နီးပါးလောက်ပေးပြီး သုံးရမယ်ဆိုတာက  လုံးဝ အဓိပ္ပာယ်မရှိပါဘူး။ လူတွေဟာ စိတ်သွားတိုင်း Data မပါနိုင်တော့ဘူး ။ စိတ်ရှိတိုင်း Click မနှိပ်နိုင်တော့တာတွေ ၊  လှုပ်ရှားမှုမှာမပါဝင်နိုင်တော့တာတွေ ၊ အချိန်နဲ့ တပြေးညီ အင်တာနက်မသုံးနိုင်တော့တဲ့အခါ သတင်းအချက်အလက်စီးဆင်းမှု ရပ်တန့်သွားနိုင်တာကစလို့ အကျိုးဆက်များစွာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လဲ Data အသုံးပြုမှုတွေကို မတန်မဆလုပ်ပစ်တာပေါ့ ၊။ အင်တာနက် မျိုးတုံးသတ်ဖြတ်မှု လို့ပြောရမှာပါ။ 


ဒါပေမယ့် အဲ့လိုလုပ်လိုက်တိုင်း လူထုကြီးကရပ်တန့် သွားမလား ?  လုံးဝရပ်တန့်ပစ်လို့ မရဘူးဆိုတာ ခင်ဗျားတို့ ကျွန်တော် တို့ သိပီးသားမလား ။ တော်လှန်ရေးကို အရှိန်မြှင့်တင်လို့ အိမ်ထဲမှာနေရင်းနဲ့ လုပ်နိုင်တာတွေရှိလာဦးမှာပဲ...ရှိနေဦးမှာပါပဲ။ ကျွန်တော်တို့ generation တွေရဲ့ ဖြစ်တည်မှု နဲ့ ဉာဏ်ပညာကို ဘယ်သူကမှ လာလျော့တွက်လို့မရပါဘူး ။


ဒါကြောင့် ဟေ့လူတွေရေ ရပ်တန့်လုံးဝမရပါဘူး... မရပ်တန့်ကြပါဘူးဗျို့ 

ဘာလို့လဲဆိုတော့ တော်လှန်ရေးအတွက် ရှေ့ကနေ တောင့်ခံထားတဲ့ သူတွေအများကြီးရှိလို့ပါဗျို့…

တော်လှန်ရေးကြီး အဓွန့်မရှည်ဖို့ဆိုရင် လူထု အနေနဲ့က ဖိလေ ကြွလေ စိတ်ထားမျိုးရှိမှ ဖြစ်မှာမို့ အခုချိန်ထိအောင် တောင့်ခံထားကြတဲ့ CDM တွေ၊ တောထဲမှာ မိမိဘဝတွေကို တော်လှန်ရေးအတွက် အလုံးစုံ ဉသုံ အပ်နှင်းနေတဲ့ သူရဲကောင်းတွေ နဲ့အတူ မြေပြင်မှာ မိမိအသက်ကို ဖတ်နဲ့ထုတ်ပြီး အခုအချိန်ထိအောင် လူတွေ အာဏာသိမ်းမှုကြီးကို အသားကျလို့မရကြောင်းကို အသိပေးဖို့ လမ်းပေါ်ထွက်နေသူတွေကို ပြည်သူလူထုအနေနဲ့ လုပ်ဆောင်ပေးနိုင်တဲ့ အကြီးအမားဆုံးကဏ္ဍ တစ်ခုအနေနဲ့ Click To Donate က ပါဝင်နေမို့ ကြိုးစားပြီး အင်တာနက်ပေါ်ကနေ တော်လှန်ရေးအရှိန်ကို လူထုကဝိုင်းပြီး ပံ့ပိုးပေးဖို့လိုပါတယ်။ 


Report Page