Memory of Alhambra
နွေဦးလုံခြုံရေးရောင်းရင်းတို့ရေ
နွေဦးဟာအရှိန်မြင့်လာသလို Channel ရဲ့ Content တွေဟာ ရေချိန်မြင့်လာပါပြီ။ ဒီအပတ်တော့ ပိတ်ရက်လေးမှာ အနားယူရင်း ခံစားကြည့်လို့ရမယ့် နည်းပညာဆိုင်ရာ သက်ဝင်မှုတွေနဲ့ ပေါင်းစပ်ထားတဲ့ ကိုရီးယား စီးရီးလေးဖြစ်တဲ့ Memory of Alhambra ရုပ်ရှင်လေးကို ညွှန်းဆိုပေးချင်ပါတယ်။
ဒီဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသားကတော့ ကိုးရီးယား စီးရီးနှစ်သက်သူ မဒီလေးတွေရဲ့ နှလုံးသားတစ်ခုလုံးကို လှုပ်ရမ်းပစ်နိုင်ခဲ့တဲ့ ကိုရီးယား ဗိုလ်ကြီး ဖြစ်ဲ့ Hyun Bin နဲ့ မင်းသမီးကတော့ကာရိုက်တာအေးအေးလေးတွေအရိုက်များတဲ့ နာမည်ကြီး မင်းသမီး Park Shin Hye ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားလေးကတော့ Nationwide Rating 8.4 ထိရရှိခဲ့တာဆိုတော့ ကောင်းချက်က ဗြောင်းသပ်တယ်လို့တောင် ပြောလိုက်ချင်တာနော်။ ဒီကားလေးကတော့ အဓိကအားဖြင့် နည်းပညာခေတ်ရဲ့ ဆန်းသစ်လှတဲ့ AR Game ( Augmented Reality Game ) အကြောင်းကိလျှို့ဝှက်ဆန်းကြယ်ပုံစံနဲ့ ရိုက်ကူးထားတဲ့အပြင် Spain နိုင်ငံ Granada မြို့မှာရိုက်ထားတော့ နာမည်ကြီး အဟန်ဘာရာ နန်းတော် ( Alhambra palace ) ရဲ့ အလှအပတွေကိုအပြည့်အဝခံစားရမှာပါ။
ကုမ္ပဏီတစ်ခုရဲ့ CEO တစ်ယောက်ဖြစ်တဲ့ Hyun Bin ဟာ အင်မတန်မှ ယှဉ်ပြိုင်လိုစိတ်ရှိဖြစ်ပြီး ကုမ္ပဏီအတွက် Game တစ်ခုကို Develop လုပ်ချင်သူတစ်ဦးပါ။ တစ်ညမှတော့ ထင်မှတ်မထားတဲ့ အသက်ဘေးလွတ်အောင်ပြေးနေရတဲ့ လူငယ်တစ်ယောက်ရဲ့ဖုန်းခေါ်ဆိုမှု ပေးပို့ထားတဲ့ Email နဲ့ အသံဖိုင်တစ်ခုကြောင့် အင်မတန်စိတ်ဝင်စားပြီး Spain နိုင်ငံ Granada ကိုအရောက်သွားခဲ့တာပါ။
Granada ကိုသွားပြီး လူငယ်လေးက ဆုံတွေဖို့ချိန်းတဲ့ ဟောင်းနွမ်းအိုမင်းတဲ့ Hosttel Bonita ဆိုတဲ့ တည်းခိုခန်းကိုသွားရင်း တည်ခိုခန်းရဲ့ပိုင်ရှင်တစ်ဦး လည်းဖြစ် စပိန်ကို ဂီတကိုသင်ယူဖို့ရောက်လာပေမယ့် မိဘဆုံးသွားတဲ့အတွက်ကြောင့် အဖွားအိုနဲ့ မောင်နှမတွေကို စောင့်ရှောက်က်နေရတဲ့ မင်းသမီး Park Shin Hye နဲ့ စတွေ့ခဲ့တာပါ။ မင်းသမီးက Game Developer လူငယ်လေးရဲ့အမလည်းဖြစ်ပါတယ်။
ဂိမ်းဆော့ရတဲ့ အဓိကနေရာကတော့ Game Developer နေထိုင်ခဲ့တဲ့ Granada မှာပါ။ ဂိမ်းကကျွန်တော်တို့ထင်ထားသလို မရိုးရှင်းပါဘူး။ AR game ကိုဆော့ဖို့ eye lens တစ်ခုသာ လိုအပ်ပြီး၊ eye lens ကိုတပ်လိုက်ပြီဆိုတာနဲ့ သင်ဟာ game ထဲရောက်သွားမှာဖြစ်ပြီး သင့် ပတ်ဝန်း ကျင်တစ်ခုလုံးကပါ real game ထဲကိုရောက်သွားတာပါ။
အင်မတန်မှ အံဩစရာကောင်း တာက Game ရဲ့ ကြောက်စရာကောင်းတဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေ တစ်ဖြေးဖြေး Level တက်ဖို့ ကြိုးစားရင်းနဲ့ ဒီ Game က သူ့ဘဝ သူ့နေထိုင်မှုတွေကို ဘယ်လိုတွေသက်ရောက်ကုန်လဲ သူ့ပတ်ဝန်းကျင် တစ်ခုလုံး ဘာတွေကမောက်ကမ ဖြစ်ကုန်လဲ ဘယ်လိုအကျိုးအမြတ်တွေ ရရှိလဲဆိုတာကို စိတ်ဝင်စားဖွယ် တုန်လှုပ်ခြောက်ခြားဖွယ် တွေနဲ့ ပိတ်ရက်ကလေးမှာ ရင်သပ်ရှုမော ခံစားနိုင်ဖို့အတွက် ညွှန်းဆိုပေးလိုက်ပါတယ်
Netflix ကနေ ကြည့်လို့ရသလို အောက်က link ကနေလဲသွားရောက်ကြည့်ရှုနိုင်ပါတယ်
နော်....
https://kissasian.li/Drama/Memories-of-the-Alhambra
