Mayu
သူရဲ့ နာမည်ကတော့ Mayu Yoshida လို့ခေါ်ပြီး အသက်က ၃၂ နှစ်ပါ။ သူက သာမန် ဈေးဝယ်သူတစ်ယောက်လို တစ်ခုနှစ်ခုလောက် မှာတာမျိုးမဟုတ်ဘဲ အကောင့်ပေါင်း ၂၃၈ ခုတိတိကို သုံးပြီး အော်ဒါပေါင်း ၂၀၀၀ ကျော်လောက်ကို ဆက်တိုက် တင်ပစ်ခဲ့တာပါ။ သူအဓိကထားပြီး ရူးရူးမူးမူး ဝယ်ခဲ့တာတွေကတော့ One Piece နဲ့ Naruto ထဲက ကုန်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ အဲဒီ Anime ကုန်ပစ္စည်းတွေကို ဝယ်မယ်ဆိုတဲ့ စိတ်နဲ့ လိုက်မှာခဲ့တာ စုစုပေါင်း တန်ဖိုးက ယန်း ၄.၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၇ သန်းဝန်းကျင်) အထိ တောင် ရှိသွားခဲ့ပါတယ်။
ဒီလောက် ပိုက်ဆံတွေ အများကြီးပေးပြီး ဝယ်နိုင်လောက်အောင် သူက ဘီလျံနာ သူဌေးမကြီးလားဆိုတော့ မဟုတ်ပါဘူး။ တကယ်တမ်း ပစ္စည်းတွေပို့ဖို့ လုပ်တဲ့အခါမှာတော့ ပိုက်ဆံလည်းမရှင်းသလို၊ ပစ္စည်းလည်း လက်မခံဘဲ အကုန်လုံးကို Cancel လုပ်ပစ်ခဲ့တာပါ။ ဒီလိုနဲ့ ကုမ္ပဏီဘက်က တိုင်ကြားရာကနေ Mayu Yoshida တစ်ယောက် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတော့တယ်။
ရဲတွေက သူ့ကို ဘာလို့ အခုလိုမျိုးတွေ လျှောက်လုပ်ရတာလဲလို့ စစ်ဆေးမေးမြန်းတဲ့အခါမှာတော့ သူရဲ့ အဖြေက တော်တော်လေးကို စားပါတယ်။ “ပစ္စည်းတွေကို တကယ်လိုချင်လို့ မဟုတ်ပါဘူး အော်ဒါတင်လိုက်ရုံနဲ့တင် ကျွန်မရဲ့ ဆန္ဒတွေ ပြည့်ဝသွားလို့ပါ” ဆိုပြီး ဝန်ခံခဲ့တာပါ။ တစ်နည်းပြောရရင် ပစ္စည်းမှာရတဲ့ Feeling ကိုကြိုက်လို့ပါတဲ့ :3