Making Studying Fun
✨️ စာလုပ်ဖို့အတွက်motivateဖြစ်စေမဲ့ အချက်(၈)ချက်✨️
⏩️စာလုပ်နေရင်းနဲ့စာဆက်လုပ်ချင်စိတ်မရှိတော့ဘူးလား🤷♂️။ စာလုပ်နေရတာကို ငြီးငွေ့နေပြီလား🤷♀️။ ကျောင်းသားအများစုဟာ စာလုပ်နေရင်း ပျင်းလာတာ၊ burnout ဖြစ်လာတာ၊ ပင်ပန်းပြီးဆက်မလုပ်ချင်တော့တာတွေဖြစ်လာကြပါတယ်။ ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရတာကြောင့် အားလုံးအတွက်အသုံးဝင်စေမဲ့နည်းလမ်းအချို့ကိုဒီpostလေးကနေတစ်ဆင့် sharingလုပ်ပေးသွားမှာဖြစ်ပါတယ်။💁

1️⃣ Tidy Up! 🧹
✅️ပထမဆုံးတစ်ချက်အနေနဲ့ စာစမလုပ်ခင်မှာ ကိုယ်စာလုပ်တဲ့စားပွဲကိုအရင်ဆုံးသန့်ရှင်းပြီး organise ဖြစ်နေအောင်ထားကြည့်လိုက်ပါ။ ကိုယ်စာလုပ်တဲ့စားပွဲကရှင်းနေရင် စိတ်ကလဲရှင်းနေတတ်တာကြောင့် ဘာစာမှမလုပ်ခင် ဒီအချက်ကိုအရင်လုပ်ကြည့်ဖို့အကြံပြုချင်ပါတယ်။
2️⃣ Use Nice Stationery ✒️
✅️ဒီအချက်ကတော့ အပေါ်ကတစ်ခုလိုပဲ ကိုယ့်ရဲ့စိတ်နဲ့ပဲသက်ဆိုင်ပါတယ်။ ကိုယ်သုံးနေတဲ့ စာရေးကိရိယာတွေက အကောင်းစားကြီးမဟုတ်ရင်တောင် သန့်သန့်လေးနဲ့ ကောင်းကောင်းလေးဖြစ်နေတဲ့အခါမျိုးမှာ စာလုပ်တဲ့အခါလဲပိုပြီး စိတ်ကိုကြည်လင်လာစေပါတယ်။
📌ဒါကြောင့် စာစမလုပ်ခင် ဒီပထမဆုံး၂ချက်ကိုစလုပ်ပြီး စိတ်ကိုကြည်လင်အောင်ထားဖို့အကြံပေးချင်ပါတယ်။

3️⃣ Entertainment 🎶
✅️စာလုပ်တဲ့အခါဖြစ်ဖြစ် စာလုပ်နေရင်းနားတဲ့အခါဖြစ်ဖြစ် Study Lofiတွေ Chill musicတွေနားထောင်ရင်းစိတ်ကိုအပန်းဖြေနိုင်ပါတယ်။ စာလုပ်တဲ့အခါ အမြဲစာချည်းပဲလုပ်နေလို့မရတာဖြစ်တဲ့အတွက် တခါတရံမှာကိုယ့်စိတ်ကိုလဲအနားပေးဖို့လိုအပ်ပါသေးတယ်။ ဒါကြောင့်မလို musicကstudyလုပ်တဲ့အခါတစ်ထောင့်တစ်နေရာကနေပြီးအကျိုးပြုနိုင်ပါတယ်။
4️⃣ Study with Friends👬👭
✅️တစ်ယောက်ထဲစာလုပ်ရတာပျင်းနေပြီလား🤷♀️။ ဒါဆိုရင်တော့စာလုပ်ဖို့ပျင်းနေတဲ့သူငယ်ချင်းတွေကိုအတူတူစာလုပ်ဖို့ဆွဲခေါ်လိုက်ပါတော့🤩။ သူငယ်ချင်းတွေအတူတူစာလုပ်တဲ့အခါ တစ်ယောက်နားမလည်တာတစ်ယောက်ကကူညီနိုင်တာကြောင့် အထောက်အကူဖြစ်စေတဲ့အပြင် သူငယ်ချင်းတွေနဲ့စာလုပ်တဲ့အခါအများအားဖြင့်ပျော်ရတာကြောင့် အတူတူစာလုပ်ကြည့်ဖို့အကြံပေးချင်ပါတယ်။ သူငယ်ချင်းတွေစကားပဲများနေလို့တော့မရဘူးနော်😉။
5️⃣ Imagine Studying as a Game!🎮
✅️အားလုံးလဲgameဆော့တဲ့အခါကျရင်ပျော်ကြမယ်လို့ထင်ပါတယ်။ အဲ့လိုပဲစာလုပ်တဲ့အခါကျရင်လဲ seriousထားတာတွေလျှော့ပြီး ပုံမှန်flowအတိုင်းသွားသင့်ပါတယ်။ Gameတစ်ခုကစားတဲ့အခါတစ်ဆင့်ပြီးတစ်ဆင့်တက်ရသလိုပဲ စာကိုလဲတစ်ခုပြီးတစ်ခုကိုဖြေးဖြေးနဲ့မှန်မှန်အဆင့်တက်အောင်လုပ်ကြဖို့အကြံပေးချင်ပါတယ်။

6️⃣ Set Goal🏆
✅️5ချက်မြောက်နဲ့ပြန်ချိတ်ဆက်ပြီးပြောရမယ်ဆိုရင် gameဆော့တဲ့အခါကိုယ်လိုချင်တဲ့ဆီကိုရအောင်ဆော့ကြတယ်မလား။ အဲ့တော့စာလုပ်တဲ့အခါလဲကိုယ်ကဘယ်လောက်အဆင့်ထိရောက်ရမယ်ဆိုတာကိုGoalတစ်ခုထားပြီး ကောက်ရိုးမီးပုံစံမျိုးမဟုတ်ပဲ ဇွဲရှိရှိနဲ့ကြိုးစားတဲ့အခါ စာလုပ်ဖို့အတွက်ပိုပြီးစိတ်အားထက်သန်စေပါတယ်။
7️⃣ Challenge 🎯
✅️ Challenge လို့ပြောတဲ့အခါလူတော်တော်များများက အခြားသူတွေနဲ့လိုက်ယှဥ်ပြိုင်တတ်ကြပါတယ်။ ဒါပေမဲ့အဲ့လိုယှဥ်ပြိုင်တဲ့အခါ သိမ်ငယ်တာတွေ၊ စိတ်ဓါတ်ကျတာတွေ၊ pressureများတာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်challengeလုပ်တဲ့အခါ အခြားသူတွေနဲ့မလုပ်ပဲ မနေ့ကမိမိနဲ့ပဲယှဥ်လိုက်ပါ။ ဒီနေ့မိမိဟာ မနေ့ကမိမိထက် ဘယ်လောက်ပိုကောင်းလာပြီလဲ။ မနက်ဖြန်မှာဘယ်လိုပိုကောင်းအောင်လုပ်နိုင်မလဲ။ ဒီလိုစိတ်ဓါတ်မျိုးထားပြီး challengeလုပ်ရင် သေချာပေါက်benefitsတစ်ခုကိုရနိုင်ပါတယ်။

8️⃣ The 3 "NO"s ❌️❌️❌️
✅️နောက်ဆုံးအချက်ရဲ့ခေါင်းစဥ်ဖြစ်တဲ့ No ၃ခုကတော့ No Pressure, No Procrastination, No overworkတို့ပဲဖြစ်ပါတယ်။ ဒီ၃ခုကိုသာရှောင်ရှားနိုင်မယ်ဆိုရင် အပေါ်ကအချက်တွေအားလုံးကိုအလွယ်တကူလုပ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် pressureတွအားလုံးကိုဖယ်ရှားပြီး မချိန်မဆွဲပဲ နည်းလမ်းမှန်မှန်နဲ့စာလုပ်လိုက်တော့နော်။ ဒါနဲ့ လိုတာထပ်ပိုမလုပ်ပဲ ကျန်းမာရေးကိုလဲဂရုစိုက်ပါနော်။
ဒါဆိုရင်တော့အားလုံးလဲဒီအချက်တွေလိုက်လုပ်ကြည့်ပြီးစာလုပ်ဖို့အတွက်အားအင်ဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။ နောက်လဲLittle Lighthouse ကနေပြီးတော့ ဒီလိုအကျိုးရှိစေမဲ့အကြောင်းအရာတွေ တင်ဖို့ရှိတာကြောင့် Like and followလုပ်ပေးခဲ့ကြပါဦးနော်။
#study
#tipsandtricks
#motivation
#littlelighthouse