MRTV News

MRTV News

မော်လမြိုင်သတင်းဌာနခွဲ

ကျိုက်မရောမြို့ မြို့မစျေးကြီး၌ မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြသ

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မစျေးကြီးနှင့် ရန်မျိုးအောင်စျေး မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လျှင်မြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွည်၍ မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြခြင်းကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီကမြို့မစျေးကြီးရှေ့၌ ဆောင်ရွက်ခဲ့သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးတင်သောင်းဦးက မီးသတ်ဆေးဘူး အသုံးပြုပုံကိုရှင်းလင်း ပြောကြားပြီး မီးသတ်ဆေးဘူးကို အသုံးပြု၍ မီးငြိမ်း သတ်နည်း၊ဆီမီးလောင်မှုကို ဖုံးအုပ်ငြိမ်းသတ်နည်း ၊ဂတ်စ်မီးလောင်မှုကို ငြိမ်းသတ်နည်းနှင့် စျေးရုံကြီး မီးဘေးလုံခြုံရေး အတွက် ရေစို သရုပ်ပြ လေ့ကျင့်ခြင်းတို့ကို လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

Report Page