MRTV News

MRTV News

မော်လမြိုင်သတင်းဌာနခွဲ

ပေါင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးစာပေစကားဝိုင်းပြုလုပ်ကျင်းပ

ပေါင်၊ဒီဇင်ဘာ (၈)                                                            

 မွန်ပြည်နယ်၊ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာပေ စကားဝိုင်းကို ဒီဇင်ဘာ(၈) ရက် နေ့လယ်(၁)နာရီက ပေါင်မြို့နယ်အခြေခံပညာအထက်တန်း ကျောင်းရွှေရတု ခန်းမ ၌ကျင်းပ ပြုလုပ်သည်။ရှေးဦးစွာ အထက ပေါင်ကျောင်းအုပ်ကြီး ဦးချစ်ထွေးက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းမှ သင်ကြားပေးသည့် ပညာရပ်များအပြင် စာအုပ်၊စာပေ လေ့လာခြင်းအားဖြင့် အသိပညာများ ဖွံ့ဖြိုးလာ၍ အမှား၊ အမှန် ဝေဖန်ပိုင်းခြားလာနိုင်ပြီး ၊ မိမိပတ်ဝန်း ကျင် အား အကျိုးပြုနိုင်မည့် လူငယ်များဖြစ်လာ မည် ဖြစ်ကြောင်းပြောကြားသည်။ဆက်လက်၍ (အထက) ပေါင် မှ ကျောင်းသား မောင်လင်းထက်မင်း၊မောင်အောင်ခန့်မောင်မောင်၊ကျောင်းသူ မိအိချောသွယ်၊မိဇွန်ပန်းဖြူတို့က ၎င်းတို့ ဖတ်ရှုလေ့လာထားသည့် စာပေရေးရာ အသိပညာများ အားဆွေးနွေးကြပြီး တက်ရောက်လာကြသောကျောင်းသားကျောင်း သူများက သိလိုသည်များကိုမေးမြန်း ဆွေးနွေး ရာ စာပေဝါသနာရှင်များမှ ပြန်လည် ဖြေကြား ခဲ့ပြီးဆရာမဒေါ်မိလေးလေးခိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ အထက-‌ပေါင်ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ကျောင်းသားကျောင်းသူများစုစုပေါင်းအင်အား(၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။

Report Page